၃၇၉,၉၀၀ ကျပ် ဖြင့် ဇွန်လ ၂၀ ရက်နေ့မှစ၍ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကနေပြီး “Shine Up Your A-Moment” ဆိုတဲ့ ဆောင်ပုဒ်နှင့် အတူ အတောက်ပဆုံး အခိုက်အတန့်များနှင့် စိတ်ကျေနပ်ဖွယ် စမတ်ဖုန်း အတွေ့အကြုံများကို ပေးစွမ်းမယ့် OPPO A92 ကို မြန်မာနိုင်ငံစျေးကွက်မှာ စတင်မိတ်ဆက်လိုက်ပါတယ်။  


OPPO A92 မှာ ကြီးမားကောင်းမွန်သော 1080P Neo-Display၊ စွမ်းဆောင်မှု ကောင်းမွန်သည့် AI Quad Camera (၄) လုံးတို့နှင့် 8GB RAM + 128GB ROM ပါဝင်ပြီး ဝင်ရိုးစွန်းရှုခင်းမှာ တောက်ပနေတဲ့ ကြယ်တာရာအသွင်ဆောင်တဲ့ အော်ရိုရာ အလင်းတန်းသဖွယ် Aurora Purple (ခရမ်းရောင်ပြေး) နှင့် ဝင်ရိုးစွန်းည ကြယ်အစုအဝေးကဲ့သို့ တင့်တယ်သော Twilight Black (အနက်ရောင်) ဆိုပြီး အရောင် ၂ ရောင်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


မျည်းကွေး 3D ရုပ်လုံးကြွ ထောင့်မှန်အခုံးဒီဇိုင်းနှင့် ဘေးဘက် လက်‌ဗွေစနစ် ဖုန်းလော့ခ်ဖွင့်ခြင်းတို့ ပါဝင်တဲ့ OPPO A92 ကို ၃၇၉,၉၀၀ ကျပ် ဖြင့် ဇွန်လ ၂၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့မှာ ပို့ဆောင်ခ အခမဲ့နဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ 

OPPO A92 မှာ Main Camera အဖြစ်  F 1.7 Aperture နှင့်   1/2” Sensor ပါရှိသည့် 48MP AI Quad Camera ကို အသုံးပြုထားတာကြောင့် နေ့စဉ်ဘဝ လှုပ်ရှားမှု အသေးစိတ်တွေကို အလှပဆုံး မှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။


ဒါ့အပြင် 119° ရိုက်ကူးနိုင်သော 8MP Ultra Wide Camera ၊ 2MP Mono Camera နှင့်  2MP Portrait Camera တို့လည်း ပါဝင်တဲ့အပြင် Ultra Night Mode 2.0 လည်း ထည့်သွင်းပေးထား တဲ့အတွက် နေ့ရော ညပါ ကြည်လင်ပြတ်သားသော ပုံရိပ်များကို ဖမ်းယူပေးနိုင်မှာပါ။


Video ရိုက်ရတာဝါသနာပါသူတွေအတွက် 4K Video Shooting၊ Video EIS Anti-Shake၊ Wide Angle Video တို့နှင့် အတူ အလွယ် တကူ တည်းဖြတ်နိုင်တဲ့ Soloop လည်း ပါဝင်ပါတယ်။ အရှေ့ ကင်မရာအဖြစ် သဘာဝဆန်ဆန် လှပသော Selfie များ ရရှိစေမယ့် AI Beautification နဲ့ 16MP Camera လည်း ပါဝင်တာကြောင့် အရှေ့ကင်မရာနဲ့လည်း တောက်ပတဲ့ပုံရိပ်တွေဖမ်းယူနိုင်ဦးမှာပါ။

Screen-to-body Ratio: 90.5% ရှိပြီး သာမန်ထက်ကျယ်သော  6.5-inch LCD Blind Hole Screen မှာ Display Resolution:  FHD + (2400 × 1080) PPI 405 ပါဝင်တဲ့အပြင် နေရောင်ခြည် အောက်မှာလည်း ဖုန်း Screen ကို ကောင်းမွန်စွာ မြင်တွေ့အသုံးပြုနိုင်သော In-Cell Touch Screen Technology ကို  ထည့်သွင်းထားတာကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့အတွက် အထူးအဆင်ပြေစေပါတယ်။

 

ဘယ်လို အလင်းရောင်အခြေအနေမှာမဆို ဖုန်းကို ကောင်းမွန်စွာ ကြည့်ရှုနိုင်စေတဲ့ AI Backlight Adjustment ပါဝင်ကာ မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးတဲ့ ထောက်ခံချက် လက်မှတ်ကိုလည်း   TÜV Rheinland မှ ရရှိထားပါတယ်။  ‌Screen ‌ပေါ်မှာ လက်‌ဗွေရာ မထင်တဲ့ SideFingerprint Unlock နဲ့ အတူ ကိုင်တွယ်သုံးစွဲမှု သက်သောင့်သက်သာ ရှိစေသော 3D Quad Curve Body ကလည်း သုံးစွဲသူများ ကြိုက်နှစ်သက်မယ့် အချက်တစ်ချက်ပါပဲ။


ဖုန်းအသုံးပြုရာမှာ လုပ်ဆောင်ချက်တိုင်းကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စေဖို့ ကြီးမားတဲ့ သိုလှောင်မှု ပမာဏ 8GB RAM + 128GB ROM နှင့်အတူ  Qualcomm Snapdragon 665 (64-bit capable octa-core CPU) ကို ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင်  ပိုမို ကောင်းမွန်တဲ့ အသံထွက်အရည်အသွေးကို ပေးမယ့် Dual Stereo Speaker + Dirac 2.0 လည်း ပါဝင်ကာ Dark Mode, Hyperboost၊ Smart Side Bar နှင့် Multi-User Mode စတဲ့ အလွန် အသုံးဝင်သော လုပ်ဆောင်မှုများ ပါဝင်သော နောက်ဆုံးပေါ် ColorOS 7.1 တို့နှင့်အတူ ထပ်မံ အားဖြည့်ထားသောကြောင့် ဖုန်း သုံးစွဲမှု အတွေ့အကြုံကို တစ်ဆင့် ပိုမိုမြင့်မားသွားစေမှာဖြစ်ပါတယ်။ ဘက်ထရီကလည်း 5000mAh Battery ပါရှိသောကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မယ့်အပြင် အခြားဖုန်းကို ပြန်လည် အားသွင်းပေးနိုင်သော Reverse Charging လည်း ပါဝင်ပါတယ်။ Type C အမျိုးအစားဖြစ်ကာ 18W Fast Charge System ပါဝင်တာကြောင့်  ၄၅ မိနစ်အတွင်း 0% မှ 50% အထိ အားပြန်ဖြည့်ပေးနိုင်ပါတယ်။


OPPO A92 နှင့် ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို OPPO A52 Website Page (https://bit.ly/2Bo8I7r) နဲ့ OPPO Myanmar ရဲ့ Facebook Page (https://www.facebook.com/oppomyanmar/) တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ။

(ဒီသတင်းကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က