OPPO F11 Pro ကို (၄၉၉,၉၀၀) ကျပ်ဖြင့် မတ်လ (၃၀) ရက်နေ့မှစ၍ ဝယ်ယူနိုင်နေပါပြီ

အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ထင်ရှားရှား ရိုက်ကူးစေနိုင်မယ့် 48MP ကျောဘက်ကင်မရာနှစ်လုံးပါ OPPO F11 Pro စမတ်ဖုန်းကို မတ်လ (၃၀) ရက်နေ့က ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချလိုက်ပါတယ်။



ပိုမိုဆန်းသစ်သောနည်းပညာနှင့် ပိုမိုကောင်းမွန်သော သွင်ပြင်လက္ခဏာများပါရှိတဲ့ OPPO F11 Pro စမတ်ဖုန်း စတင်ရောင်းချခြင်း အခမ်းအနားကို ရန်ကုန်မြို့ Myanmar Plaza ရှိ OPPO Showroom တွင် ကျင်းပပြုလုပ်ပြီး OPPO မှ ဖိတ်ကြားထားတဲ့ အနုပညာရှင်များဖြစ်ကြတဲ့ သရုပ်ဆောင်မော်ဒယ် ပိုင်အုပ်စိုးအောင်နှင့် ဖုန်းသီရိကျော်တို့ တက်ရောက်၍ ကြိုတင်မှာယူသူများအား ဖုန်းလွှဲပြောင်းပေးအပ်ခြင်း၊ (၄၀,၀၀၀) ကျပ် ဝန်းကျင်ရှိ OPPO Bluetooth Headphone လက်ဆောင်ပေးခြင်း၊ အမှတ်တရ လက်မှတ်ရေးထိုးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် OPPO Myanmar ဟာ မကြာမီရောက်ရှိလာတော့မယ့် မြန်မာ့နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ OPPO F11 Pro စတင်ရောင်းချသော အခမ်းအနားတွင် သပြေခက်နှင့်ရေပက်ခြင်းနှင့် ရွှေရင်အေးများဖြင့် တည်ခင်းဧည့်ခံ ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

OPPO F11 Pro မှာ စမတ်ဖုန်းအသုံးပြုသူများအတွက် ကျယ်ပြန့်ရှင်းလင်းသော ဖုန်းမျက်နှာပြင် ထိတွေ့သုံးစွဲမှုကို ပေးစွမ်းမယ့် မျက်နှာပြင်ပေါ်မှာ အပေါက်လုံးဝမပါသော ၆.၅ လက်မ ရှိ Panoramic Screen ပါရှိပါတယ်။

F11 Pro ရဲ့ 48MP+5MP ကျောဘက်ကင်မရာနှစ်လုံးမှာ Ultra-clear Image နှင့် Ultra-clear Night Mode ပါရှိ၍ အကောင်းဆုံးညရှုခင်းရိုက်ကူးမှုများ ဖန်တီးနိုင်မှာပါ။ ဒါ့အပြင် OPPO F11 Pro မှာ  ဖုန်းအပေါ်ဘက် အလယ်ဗဟိုမှ ထွက်လာတဲ့ အထူးဆွဲဆောင်မှုရှိတဲ့ Pop Up Selfie ကင်မရာစနစ်လည်းပါရှိပါတယ်။ 


OPPO စမတ်ဖုန်းသစ်မှာ VOOC 1.0 ထက် မိနစ် ၂၀ခန့် ပိုမိုမြန်ဆန်စွာ ရာနှုန်းပြည့် ဖုန်းအားပြည့်နိုင်သော VOOC အမြန်အားသွင်းစနစ် 3.0 လည်း ပါရှိပါတယ်။ F11 Pro မှာပါရှိတဲ့ 4,000mAh ဘက်ထရီဟာ ၁၅နာရီခွဲကြာ အသုံးခံပြီး ၁၂နာရီကြာ ဗီဒီယိုကြည့်နိုင်ရန်နဲ့ ၅နာရီခွဲကြာ ဂိမ်းကစားနိုင်ရန်အထိ အထောက်အကူပြုမှာပါ။

စမတ်ဖုန်းသစ်မှာ Internal Memory 128GB ROM နဲ့ 6GB RAM တို့ပါရှိတဲ့အပြင် နောက်ဆုံးပေါ် Android Version 9.0 ကို အခြေခံပြီး OPPO မှတီထွင်ထားတဲ့ Color OS 6.0 ကို အသုံးပြုထားတာကြောင့် ဖုန်းအသုံးပြုရာမှာ ပိုမိုပြည့်စုံကောင်းမွန်သော ဖုန်းအသုံးပြုမှုအတွေ့အကြုံကိုရရှိစေမှာဖြစ်ပါတယ်။ 

OPPO F11 Pro မှာခရမ်း၊ အပြာနဲ့ အနက်ကို ရောစပ်ထားတဲ့ သုံးရောင်စပ်ရောင်ပြေး Thunder Black နှင့် အစိမ်းနှင့် အပြာကို ရောစပ်ထားတဲ့ နှစ်ရောင်စပ်ရောင်ပြေး Aurora Green ဆိုတဲ့ ယခင်ထက် ပိုမိုဆန်းသစ်သော အရောင်ပြေးကာလာဒီဇိုင်း ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်နှင့် OPPO F11 Pro ကို (၄၉၉,၉၀၀) ကျပ်ဖြင့် မတ်လ (၃၀) ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် ဝယ်ယူနိုင်ပြီး ဘေးတစောင်းလွယ်အိတ် တစ်လုံးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က