မြန်မာငွေ ၂ သိန်းကျော်လောက်နဲ့48MP ကင်မရာပါတဲ့ ဖုန်းကိုင်မယ်ဆိုရင် ဘယ်သူမှ နှစ်ခါစဉ်းစားချင်မှာ မဟုတ်ပါဘူး။ Xiaomi ကတော့ ပထမဆုံးအကြိမ် entry level ဖုန်းသစ်မှာ 48MP သုံးပြလိုက်ပြီ ဖြစ်ပါတယ်။
Redmi Note 7 ဟာ Xiaomi Redmi စီးရီးရဲ့ နောက်ထပ် brand ခွဲတစ်ခုအဖြစ် ပထမဆုံး ထွက်လာတဲ့ ဖုန်းပါ။ ဒီဖုန်းမှာ သုံးထားတဲ့ specs ကိုကြည့်ရင် upper mid-range ဖုန်းတွေကို ဖိုက်ဖို့ဆိုတာ ထင်ရှားနေပါတယ်။ မျက်နှာပြင် ၆.၃ လက်မ LCD display ကိုမှ ခေတ်ပေါ် waterdrop notch ဒီဇိုင်းနဲ့လာတဲ့ ဒီဖုန်းမှာ ရုပ်ထွက်ပိုင်းမှာလည်း FullHD+ ရုပ်ထွက်ဖြစ်ပြီး မှန်ပြင်ကိုယ်ထည်အချိုး နေရာယူမှုကတော့ ၈၄% ထိ ရှိတယ်လို့ဆိုပါတယ်။
performance ပိုင်းအရ နည်နည်း ဒိတ်အောက်တယ်ပြောနိုင်ပေမယ့် 2.2GHz speed ဖြစ်လို့အတော်လေးကို မြန်တဲ့ Snapdargon 660 SoC သုံးလာတာပါ။ RAM/ storage ဗားရှင်း သုံးမျိုးနဲ့လာပြီး RAM ပမာဏကို အနည်းဆုံး 3GB ကနေ 6GB အထိ သုံးထားပြီး 32GB နဲ့64GB storage တွေ ပါရှိပါတယ်။
Redmi Note 7 ကို ပွဲထုတ်ရာမှာ ရှေ့တန်းက ပါလာတာက Sony IMX586 sensor ပါတဲ့ 48MP ကင်မရာပါ။ ကျောဘက်မှာ ဒီကင်မရာနဲ့အတူ AI လုပ်ဆောင်ချက်နဲ့portrait mode တွေအတွက် 5MP အရန် ကင်မရာ ပါဝင်ပြီး fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားပါတယ်။ Sony IMX585 sensor ကြောင့် အလင်းအားနည်းချိန် မြင်ကွင်းတွေကို ရိုက်ကူးရာမှာ 1.6 micron pixel နဲ့ရိုက်ကူးထားတဲ့ 12MP နဲ့ညီမျှတဲ့ ပုံတွေ ထုတ်ပေးနိုင်မှာပါ။
ဒါကတော့ ကုမ္ပဏီရဲ့ အပြောပဲ ဖြစ်ပြီး တကယ့်လက်တွေ့မှာ ဒီကင်မရာက ဘယ်လောက် အလုပ်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ရှေ့ဘက်မှာ 13MP ကင်မရာသုံးထားတဲ့ Redmi Note 7 မှာ နောက်ထပ် စိတ်ဝင်စားစရာက ဘက်ထရီ စနစ် ဖြစ်ပါတယ်။ အကြီးစား မှန်ပြင်ရဲ့ ဘက်ထရီသုံးစွဲမှုနဲ့လိုက်အောင် 4000 mAh ဘက်ထရီပါဝါသုံးထားတဲ့ ဒီဖုန်းဟာ USB C port နဲ့လာပြီး Quick Charge 4 အမြန်အားသွင်းစနစ် ပါဝင်တာပါ။
Quick Charge 4.0 ဟာ သာမန်အားသွင်းမှုထက် ၄ ဆပိုမို မြန်ဆန်ပြီး အားသွင်းစဉ် အပူချိန်တက်မှုကို လျှော့ချပေးနိုင်မယ့် အားသွင်းစနစ် ဖြစ်ပြီး Xiaomi ဟာ ၁၀ ယွမ်တန် 9V/1A charger တစ်ခုလည်း ထပ်မံ မိတ်ဆက်ထားပါတယ်။ ဒီ charger နဲ့ဆို ဖုန်းဟာ လုံးဝ အားမရှိတဲ့ အနေအထားကနေ ဘက်ထရီအား ၁၀၀% ပြည့်ဖို့၁နာရီ ၄၃ မိနစ်ပဲ ကြာမယ်လို့ကုမ္ပဏီရဲ့ CEO လိုင်ဂျန်က ပြောထားပါတယ်။
Photo: TechPP
အနက် ၊ အပြာ ၊ သန်းခေါင်ရွှေကာလာတွေနဲ့မိတ်ဆက်ထားတဲ့ Redmi Note 7 ရဲ့ နောက်ဆုံး စိတ်ဝင်စားစရာအပိုင်းက ဈေးနှုန်းပါ။ RAM 3GB/32GB ဗားရှင်းကိုး ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) ကနေ RAM 4GB/64GB မော်ဒယ်နဲ့RAM 6GB/64GB မော်ဒယ်တွေကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) နဲ့၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ဝန်းကျင်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။