mid-range တန်းဝင် OPPO ရဲ့ F-series သစ်ဟာ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း ၊ စိတ်ဝင်စားစရာကင်မရာစနစ်တွေနဲ့ ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
OPPO F စီးရီး စမတ်ဖုန်းတွေဟာ ရှေ့ကင်မရာနဲ့ ဒီဇိုင်းပိုင်းကို အသားပေးတဲ့ ဖုန်းတွေအဖြစ် နာမည်ကြီးပါတယ်။ OPPO F15ဟာ ပြီးခဲ့တဲ့လက တရုတ်မှာ မိတ်ဆက်သွားခဲ့တဲ့ OPPO A91 နဲ့ အတော်လေး ဆင်ပါတယ်။ screen အရွယ်အစားအနေနဲ့ ၆.၄ လက်မ FHD+ AMOLED display ပဲ သုံးထားပြီး 20:9 aspect ratio ကို သုံးသွားတာပါ။
Photo: GSMArena
upper mid-ranger အန်းဒရိုက်ဖုန်းတွေမှာ တွေ့နေကျဖြစ်တဲ့ in-display လက်ဗွေစနစ်ကိုလည်း OPPO F15 မှာ တပ်ဆင်ထားပြီး display ကတော့ waterdrop notch အမျိုးအစား ဖြစ်ပါတယ်။ screen ကို ထိခိုက်ပွန်းပဲ့မှုဒဏ်ကနေ ကာကွယ်ဖို့ အကြမ်းခံမှုမြင့်မားတဲ့ Gorilla Glass 5 အုပ်ထားပါတယ်။
OPPO F15 မှာ အရင် F series တွေနဲ့ မတူတာက RAM 8GB/128GB storage ဗားရှင်းတစ်မျိုးတည်းနဲ့ပဲ ထွက်ထားတာ ဖြစ်ပါတယ်။ storage ကိုတော့ microSD card ကနေ ထပ်တိုးနိုင်မှာ ဖြစ်ပြီး MediaTek Helio P70 SoC သုံးထားပါတယ်။ 4000 mAh ဘက်ထရီဟာ 20W VOOC 3.0 အမြန်အားသွင်းစနစ် ပံ့ပိုးထားပါတယ်။
Photo: smartprix
ရှေ့ဘက်မှာ 16MP selfie ကင်မရာ ပါရှိပြီး ကျောဘက်မှာ 48MP ပင်မကင်မရာ ပါတဲ့ လေးလုံးတွဲ ထောင်လိုက်ကင်မရာ တပ်ဆင်ထားပါတယ်။ ဒီကင်မရာအပြင် ကိုယ်ရိုက်ချင်တဲ့ ပုံရိပ်ကို ၃ စင်တီမီတာကနေ ၈ စင်တီမီတာ အကွာအဝေးကနေ macro shots အနုစိတ်ရိုက်ချက်တွေ ရိုက်နိုင်မယ့် 8MP ultrawide ကင်မရာ ၊ 2MP monochrome ကင်မရာ 2MP depth sensor များ သုံးထားပါတယ်။
OS စနစ်ကတော့ Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6.1 ပဲ သုံးထားတာ ဖြစ်ပြီး Unicorn White နဲ့ Lightning Black ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ OPPO F15 ကို ရူပီး ၁၉၉၉၀ ( မြန်မာငွေ ၄ သိန်း ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။