မြန်မာငွေ ၄ သိန်း ဝန်းကျင်တန် တန်ဖိုးနည်း 5G ဖုန်းပါ

တန်ဖိုးသင့် 5G ဖုန်းတွေ ထုတ်နေတဲ့ OPPO ဟာ မြန်မာငွေ ၄ သိန်းအောက်တန် OPPO K7 5G သစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။ 

OPPO ဟာ ပြီးခဲ့တဲ့ လကပဲ A72 5G ဖုန်းကို ကြေညာခဲ့တာပါ။ ဒီတစ်ခါမှာ မိတ်ဆက်သွားတဲ့ OPPO K7 5G ဟာ မျက်နှာပြင် ၆.၄ လက်မ FHD+ AMOLED display နဲ့ လာပြီး in-display fingerprint scanner သုံးထားပါတယ်။ waterdrop notch display အမျိုးအစား သုံးထားပြီး notch ထဲမှာ 32MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။



Photo: noypigeeks


ကျောဘက်မှာ ထောင်လိုက် လေးလုံးတန်း ကင်မရာ ပါရှိပြီး 48MP primary sensor ၊ 8MP Ultrawide ၊ 2MP macro နဲ့ 2MP depth sensor တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာဟာ 4025mAh ပါဝါ ဖြစ်ပြီး USB-C port ကနေ 30W နှုန်းအထိ အားသွင်းပေးနိုင်မှာပါ။ တစ်ခြား features တွေအနေနဲ့ 3.5mm နားကြပ်ပေါက် ၊ NFC နဲ့ ဂိမ်းကစားမှုကို ပိုကောင်းစေမယ့် Hyper Boost 3.0 စနစ်တို့ ပါရှိပါတယ်။

OPPO K7 5G ဟာ Snapdragon 765G SoC သုံးထားပြီး RAM 8GB ပါရှိပါတယ်။ storage အနေနဲ့ 128GB နဲ့ 256GB storage နှစ်မျိုး ထွက်ထားပါတယ်။ ကွန်ရက်မြန်နှုန်း ပိုကောင်းမွန်ဖို့ 5G ကွန်ရက်နဲ့ WiFi နှစ်မျိုးစလုံးကို သုံးနိုင်မယ့် Link Boost 2.0 စနစ် ပါရှိပါတယ်။ အရောင် ၄ မျိုးနဲ့ ထွက်ထားပြီး Android 10 ကို အခြေခံထားတဲ့ ColorOS 7 UI ကို သုံးထားပါတယ်။

RAM 8GB/128GB storage ဗားရှင်းကို ၁၉၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၉ သောင်းခန့်) နဲ့ 256GB storage ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က