တန်ဖိုးနည်း mid-ranger ပါ

Snapdragon 720G processor နဲ့ တန်ဖိုးသင့် mid-ranger တစ်လုံးကို iQOO က မိတ်ဆက်ပြသသွားပါတယ်။

iQOO U1 ဟာ 4G ဖုန်းတစ်လုံးဖြစ်ပြီး ကုမ္ပဏီထုတ် ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံးဖုန်းလည်း ဖြစ်ပါတယ်။ သုံးထားတဲ့ features တွေဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ modernize feature တွေ ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ လာပါတယ်။ iQOO U1 ဟာ IPS LCD screen သုံးထားပြီး punch-hole display ပါရှိပါတယ်။



Photo: techandroids


1080x 2340p ရုပ်ထွက်ပါတဲ့ ဒီဖုန်းဟာ screen နေရာယူမှ ၉၀.၇၂% ရှိပြီး မျက်နှာပြင် အရွယ်အစား ၆.၅၃ လက်မ ပါရှိပါတယ်။ display အပေါ်ဘယ်ထောင့် punch-hole ထဲမှာ 8MP ဆယ်လ်ဖီကင်မရာ သုံးထားပြီး ကျောဘက်ထောင်လိုက် ကင်မရာတန်းထဲမှာ 48MP main lens ၊ 2MP portrait lens နဲ့ 2MP macro shooter တို့ ပါဝင်ပါတယ်။

processor အနေနဲ့ 8nmp Snapdragon 720G processor သုံးထားပါတယ်။ 2.3GHz octa-core processor နဲ့အတူ RAM/Storage ဗားရှင်း ၃ မျိုး ထွက်ထားပါတယ်။ ဘက်ထရီပါဝါဟာ 4500mAh ဖြစ်ပြီး 18W fast charging ပံ့ပိုးထားပါတယ်။ ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။

iQOO U1 ကို Star Blue ၊ Secret Black နဲ့ Sunny Frost White ကာလာ ၃ ရောင်နဲ့ လာပါတယ်။ RAM 6GB/64GB storage ဗားရှင်းကို ၁၁၉၈ ယွမ် (မြန်မာငွေ ၂ သိန်း ၃ သောင်းခွဲကျော်) ၊ RAM 6GB/128GB storage ဗားရှင်းကို ၁၃၉၈ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခွဲခန့်) နဲ့ RAM 8GB/128GB storage ဗားရှင်းအတွက် ၁၅၉၈ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က