ဈေးချိုချို Samsung Galaxy M စီးရီးသစ်ပါ

Samsung ဟာ အိန္ဒိယဈေးကွက်အတွက် ဈေးအသင့်ဆုံး စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy M21 နာမည်နဲ့ ထွက်လာတဲ့ ဒီဖုန်းဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Galaxy M20 ရဲ့successor ဖြစ်ပါတယ်။ Galaxy M21 ဟာ တရုတ်စမတ်ဖုန်းတွေ ကြီးစိုးမှု မြင့်လာနေတဲ့ အိန္ဒိယဈေးကွက်ထဲက ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးရဲ့ ကြိုးပမ်းချက်လည်း ဖြစ်ပါတယ်။



Photo: xda-developers


Samsung ရဲ့ Mid-range မော်ဒယ် M-series သစ်ဖြစ်တဲ့ Galaxy M21 ဟာ ဒီဇိုင်းပိုင်းမှာ Galaxy M20 နဲ့ ခပ်ဆင်ဆင်ဆိုပေမယ့် ကင်မရာစနစ်နဲ့ အတွင်းပိုင်း specs တွေ ပိုအဆင့်မြင့်လာပါတယ်။ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မဖြစ်ပြီး FullHD+ Super AMOLED display နဲ့ လာပါတယ်။

လက်ဗွေစနစ်ကို ကျောဘက်မှာ သုံးထားပြီး Triple Camera ကိုလည်း ထောင်လိုက် စတုဂံပုံစံကင်မရာကွက်ထဲမှာ ထည့်ထားပါတယ်။ ကျောဘက်ကင်မရာဟာ အရင် dual lens ကနေ Triple lens ကို အဆင့်မြှင့်လိုက်တာ ဖြစ်ပြီး 48MP main sensor နဲ့အတူ 5MP depth sensor နဲ့ 8MP Ultra wide ကင်မရာတွေ ပါရှိပါတယ်။


Photo: gsmarena

ရှေ့ကင်မရာဟာ 20MP ဆယ်လ်ဖီကင်မရာဖြစ်ပြီး Galaxy M20 ရဲ့ 8MP selfie ကင်မရာကနေ အဆင့်မြှင့်လိုက်တာလို့ ဆိုရမှာပါ။ Galaxy M21 ဟာ ပိုပြီး မြန်ဆန်သွက်လက်တဲ့ Exynos 9611 processor နဲ့ လာပြီး base model အနေနဲ့ RAM 4GB/64GB storageပါရှိပါတယ်။ အမြင့်မော်ဒယ်ဟာ RAM 6GB/128GB storage ပါရှိပြီး 6000mAh ဧရာမဘက်ထရီပါရှိပါတယ်။

ဒီဖုန်းမှာ Android 10 ကို အခြေခံထားတဲ့ One UI2.0 စနစ် သုံးထားပြီး Raven Black နဲ့ Midnight Blue ဆိုပြီး ကာလာ ၂ ရောင်နဲ့ လာပါတယ်။ အနိမ့်ဗားရှင်းကို ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး RAM 6GB ဗားရှင်းရဲ့ ဈေးနှုန်း မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က