အီတလီဈေးကွက်မှာ ရောင်းချသွားမှာပါ

တန်ဖိုးသင့် Huawei P Smart စီးရီးကနေ Huawei P Smart S နာမည်နဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။

Huawei P Smart S ဟာ Android 10 ကို အခြေခံထားတဲ့ EMUI 10.1 နဲ့ လာပြီး Google Mobile Service (GMS) မပါတဲ့ ဖုန်းတစ်လုံးပါ။ Huawei ရဲ့ ကိုယ်ပိုင် AppGallery နဲ့ Huawei Mobile Services (HMS) သုံးထားပါတယ်။ mid-range ဖုန်းတစ်လုံးနဲ့ လိုက်ဖက်တဲ့ Kirin 710F SoC ပါရှိပြီး RAM 4GB/128GB storage နဲ့ လာပါတယ်။



Photo: GSMArena


Huawei P Smart S စမတ်ဖုန်းဟာ မျက်နှာပြင် ၆.၃ လက်မ FHD+ display နဲ့ လာပြီး OLED display အမျိုးအစား သုံးထားပါတယ်။ ဖုန်းလက်ဗွေစနစ်ကလည်း မှန်ပြင်အောက်မှာ ထည့်သွင်းထားတဲ့ in-display စနစ် ဖြစ်ပါတယ်။ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာပါရှိပြီး ရှေ့ဘက် waterdrop notch ဟာ 16MP selfie သုံးထားပါတယ်။

ထောင်လိုက်သုံးလုံးတွဲကင်မရာဟာ 48MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP Ultrawide နဲ့ 2MP depth sensor တွေ ဖြစ်ပြီး အလတ်တန်းစားဆန်တဲ့ ကင်မရာစနစ်ကို ခံစားနိုင်မှာပါ။ ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး USB C port ကနေ 10W charging သွင်းနိုင်မှာပါ။ Bluetooth 5.0 စနစ် ၊ 3.5mm headphone jack နဲ့ NFC support ပေးထားပါတယ်။ 

Huawei P Smart S ကို Breathing Crystal နဲ့ Midnight Black ကာလာ နှစ်ရောင်နဲ့ ဝယ်ယူနိုင်ပြီး အီတလီဈေးကွက်မှာ၂၅၉.၉၀ ယူရို (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က