စိတ်ဝင်စားစရာဈေးနဲ့ ထွက်လာဖို့ ရှိပါတယ်

ဒီနှစ်ထဲမှာ ပထမဆုံး 5G iPhone ထွက်လာမှာ ဖြစ်ပြီး 4G LTE ဗားရှင်း iPhone 12 ဟာ upper mid-range ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ 

Omega LEAKS and RUMORS သတင်းမှာ 4G iPhone သစ်တွေရဲ့ ဈေးနှုန်းအကြောင်း တင်ထားပါတယ်။ တကယ်လို့ ဒီသတင်းသာ မှန်မယ်ဆိုရင် 4G ဗားရှင်း iPhone 12 ဟာ ဒေါ်လာ ၅၅၀ (မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီဖုန်းကတော့ entry-level ၅.၄ လက်မ မော်ဒယ်ဖြစ်ပြီး iPhone 12 Max 4G ဟာ ၆၄၉ ဒေါ်လာ (မြန်မာငွေ ၉ သိန်းခန့်) ဈေး ကျသင့်မှာပါ။



Photo:GSMArena

လတ်တလောထွက်ထားတဲ့ သတင်းတွေအရ iPhone 12 ဟာ အရွယ်အစား ၃ မျိုးနဲ့ မော်ဒယ် ၄ မျိုး ထွက်မှာ ဖြစ်ပါတယ်။ ထွက်လာမယ့် မော်ဒယ်တွေဟာ ၅.၄ လက်မ iPhone 12 ၊ ၆.၁ လက်မ iPhone 12 Max နဲ့ iPhone 12 Pro နဲ့ ၆.၇ လက်မ iPhone 12 Pro Max တွေ ဖြစ်မယ်လို့ ဆိုပါတယ်။ ဖုန်းအားလုံးမှာ 5G ကွန်ရက်ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး 5G base model ဟာ ၆၄၉ ဒေါ်လာဈေးနဲ့ စတင်ရောင်းချသွားဖို့ ရှိပါတယ်။

ဈေးအနည်းဆုံး 4G iPhone 12 ဟာ LCD screen နဲ့ လာပြီး နောက်ထပ် 4G မော်ဒယ်တစ်ခုကတော့ OLED panel သုံးလာနိုင်ပါတယ်။ 5G iPhone 12 မော်ဒယ်အားလုံးဟာ A14 Bionic chipset နဲ့ OLED display သုံးလာမှာပါ။ iPhone 12 နဲ့ iPhone 12 Max ဟာ dual-camera စနစ်နဲ့ လာပြီး iPhone 12 Pro နဲ့ iPhone 12 Pro Max စီးရီးကတော့ LiDAR depth sensor ပါ သုံးလုံးတွဲကင်မရာ ပါလာဖို့ ရှိပါတယ်။

ပိုပြီး high-end ကျတဲ့ မော်ဒယ်တွေဟာ 120Hz ProMotion refresh rate နဲ့ ပိုကြီးတဲ့ ဘက်ထရီ သုံးလာနိုင်ပါတယ်။ ဖုန်းဒီဇိုင်းဟာ iPhone 4 အတိုင်း လေးထောင့်ဆန်တဲ့ ဘောင်တွေနဲ့ လာဖို့ ရှိပါတယ်။ အမြင့်ဆုံးမော်ဒယ်ဈေးကတော့ ဒေါ်လာ ၁၄၀၀ အထိ ရှိနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က