လူတိုင်း မိုဘိုင်းလ်ဖုန်းနဲ့မကင်းနိုင်တော့တဲ့ခေတ်ထဲရောက်လာတာနဲ့အတူ ဖုန်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း သိထားဖို့ လိုလာပါတယ်။ စမတ်ဖုန်းတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေတင်မကဘဲ ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ပတ်သက်လို့လည်း ပညာရှင်အဆင့်မဟုတ်တောင် အထွေထွေဗဟုသုတအနေနဲ့သိထားရင်မမှားနိုင်ပါဘူး။ ဒါကြောင့် ခုတလော တီဗွီမှာ၊ သတင်းစာ၊ဂျာနယ်တွေမှာ နဲ့ အင်တာနက်၊လူမှုကွန်ယက်မီဒီယာတွေထက်မှာ မိုဘိုင်းလ်ဖုန်း အော်ပရေတာတွေ ကြေညာနေတဲ့ 4G ကွန်ရက်ဆိုတာဘာလဲ၊ အရင် 3G ကွန်ရက်ထက်ဘာတွေပိုကောင်းပြီး သုံးစွဲသူတွေအတွက် ဘာတွေအကျိုးရှိနိုင်သလဲဆိုတာ အနည်းငယ်မျှဝေပေးချင်ပါတယ်။
4G ကွန်ရက်ဆိုတာဘာလဲ
4G ဆိုတာက စတုတ္ထမျိုးဆက်ကွန်ယက်ချိတ်ဆက်မှုနည်းပညာဖြစ်ပြီး 4 ကတော့ Fourth ကိုဆိုလိုတာဖြစ်ကာ 4 ရဲ့နောက်က G က Generation လို့အဓိပ္ပါယ်ရပါတယ်။ သူ့ရှေ့ကဆက်သွယ်ရေးနည်းပညာမျိုးဆက်ဖြစ်တဲ့ 3G ပြီးနောက် နောက်တစ်ဆင့်မြင့်လာတဲ့ ဆက်သွယ်ရေးနည်းပညာမျိုးဆက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ 4G ကို ပထမဆုံးထောက်ပံ့ ပေးခဲ့တဲ့ အော်ပရေတာကတော့ Ooredoo ဖြစ်ပြီး မနှစ်ကတည်းက သူ့ရဲ့သုံးစွဲသူတွေကို 4G ကွန်ရက် ထောက်ပံ့ပေး နိုင်ခဲ့တာပါ။
3G နဲ့ 4G ဘာကွာသလဲ
အလွယ်ဆုံးပြောရရင်တော့ အမြန်နှုန်းကွာပါတယ်။ 3G နဲ့ သုံးနေရတာနဲ့ 4G ကွန်ရက်မှာသုံးရတာ လုံးဝကို သိသာကွဲပြား နေမှာဖြစ်ပါတယ်။ 4G နဲ့ ဒေါင်းလော့ဒ်ဆွဲမယ်ဆိုရင် မိုဘိုင်းလ်အော်ပရေတာအပေါ်မူတည်ပြီး အမြန်နှုန်းက 3G နဲ့ဒေါင်းလော့ဒ်ဆွဲတာထက် ၁၀ ဆ လောက်အထိ ပိုမိုမြန်ဆန်နိုင်ပါတယ်။
သုံးစွဲသူအတွက် ဘာတွေအကျိုးရှိမှာလဲ
4G ကွန်ရက်ဟာ အသုံးပြုသူတွေကို စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့ပ်စတဲ့ကိရိယာတွေကနေတဆင့် မိုဘိုင်းလ်အင်တာနက်ကိုပိုပြီး လျှင်လျှင်မြန်မြန်၊ တည်တည်ငြိမ်ငြိမ် နဲ့ သုံးစွဲခွင့်ရစေတဲ့အပြင် ဖုန်းပြောတဲ့ အသံအရည် အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အကြမ်းဖျင်းအား ဖြင့် 4G ဟာသူ့ရှေ့မျိုးဆက် 3G ထက် ၅ ဆခန့်ပိုမြန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ သီအိုရီအရဆိုရင် 4G နက်ဝပ်မှာ ဒေါင်းလော့ဒ်အမြန်နှုန်းကို 100 Mbps အထိရရှိနိုင်မယ်လို့ ဆိုထားပါတယ်။ လက်တွေ့မှာတော့ အဲဒီလောက်အမြန်နှုန်း အထိဘယ်နိုင်ငံမှာမှ မထောက်ပံ့နိုင်သေးပါဘူး။
ဒီအထိကတော့ 4G ကွန်ရက်အကြောင်း ဗဟုသုတအဖြစ်အနည်းငယ်ဝေမျှခဲ့တာဖြစ်ပြီး 4G ကိုသုံးစွဲတာနဲ့ပတ်သက်လို့ ကုန်ကျစရိတ်သက်သာနိုင်မယ့်နည်းလမ်းတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ 4G ကွန်ရက်ကိုပထမဆုံးထောက်ပံ့ပေးခဲ့ပြီး အမြန်နှုန်းမှာလည်းအကောင်းဆုံးဖြစ်တဲ့ Ooredoo ရဲ့ ပေါင်းကူးဆိုတဲ့အစီအစဉ် ကိုအသုံးချရမယ့်နည်းလမ်းပါ။
Ooredoo ရဲ့ 4G နဲ့ဆိုရင် သီချင်းတွေစိတ်ကြိုက်နားဆင်နိုင်မယ့် mJams ၊ ဗွီဒီယိုဖိုင်အမျိုးမျိုး ကြည့်ရှုလို့ရတဲ့ VuClip ၊ အက်ပလီကေးရှင်းတွေ စိတ်ကြိုက်ရယူနိုင်တဲ့ Appzone တို့လို စိတ်ဝင်စားစရာဝန်ဆောင်မှုတွေကိုရရှိနိုင်တဲ့အပြင် ရုပ်ရှင်တွေ၊ အွန်လိုင်းဂိမ်းတွေကိုလည်း အထစ်အငေါ့မရှိဘဲ ကြည့်ရှုဆော့ကစားနိုင်မှာပါ။ အဲဒီလို 4G အင်တာနက် မြန်နှုန်းနဲ့ ရုပ်ရှင်တွေပဲ ကြည့်ကြည့်၊ ဂိမ်းတွေပဲဆော့ဆော့၊ Facebook နဲ့တခြားလူမှုကွန်ယက်တွေကိုပဲသုံးသုံး ကုန်ကျစရိတ်သက်သာဖို့အတွက် ပေါင်းကူး အစီအစဉ်ကိုရယူထားလိုက်ရုံပါပဲ။
ဘယ်လောက်အထိသက်သာနိုင်သလဲ ဆိုတော့ ပေါင်းကူးဒေတာအစီအစဉ်နဲ့ဆိုရင် ကိုယ်ယူတဲ့ Package ပေါ်မူတည်ပြီး 1MB ကို ၇၇ပြားသာ ကျသင့်တဲ့ အထိတောင် သက်သာနိုင်ပါတယ်။ ပေါင်းကူးဒေတာဆိုတဲ့နာမည်အတိုင်းပဲ သတ်မှတ်ထားတဲ့ကာလအတွင်း သုံးလို့ မကုန်တဲ့ဒေတာတွေကိုလည်း နောက်တစ်ကြိမ် ပေါင်းကူးဒေတာအစီအစဉ်ထပ်မံဝယ်ယူလိုက်တာနဲ့ အရင်အစီအစဉ်က ကျန်တဲ့ ဒေတာတွေကို နောက်အစီအစဉ်ထဲပေါင်းထည့်ပေးသွားဦးမှာဖြစ်တဲ့အတွက် စိတ်အေးလက်အေးသုံးလို့ရပါတယ်။ ပြီးတော့ ပေါင်းကူးဒေတာအစီအစဉ်နဲ့ အင်တာနက်ကိုသုံးစွဲဖို့အတွက် ဘာကန့်သတ်ချက်မှမရှိပါဘူး။ ကြိုက်တဲ့အချိန် သုံးလို့ရသလို ကြိုက်တဲ့အင်တာနက်ဝန်ဆောင်မှုကိုသုံးစွဲလို့လည်း ရပါတယ်။
ပေါင်းကူးဒေတာကို *140# ကိုခေါ်ဆိုပြီး တော့ဖြစ်စေ၊ My Ooredoo App ကနေတဆင့်ဖြစ်စေဝယ်ယူလို့ရပါတယ်။ ဒါကြောင့် Ooredoo 4G ရဲ့အမြန်နှုန်းကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ အသုံးချနိုင်ဖို့ ပေါင်းကူးဒေတာအစီအစဉ်ကို ဝယ်ယူထားဖို့ လက်တို့လိုက်ရပါတယ်။