ယခုဆိုရင် မိုဘိုင်းအင်တာနက်ချိတ်ဆက်မှုဟာ 3G ခေတ်ကနေ 4G ခေတ်ကိုရောက်ရှိလို့နေပါပြီ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း 4G ဆိုတဲ့အသံတွေကို အားလုံးပဲ ကျယ်ကျယ်လောင်လောင်ကြားနေကြရပြီ ဖြစ်ပါတယ်။
Sponsored bylogo

 

 

ယခုဆိုရင် မိုဘိုင်းအင်တာနက်ချိတ်ဆက်မှုဟာ 3G ခေတ်ကနေ 4G ခေတ်ကိုရောက်ရှိလို့နေပါပြီ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း 4G ဆိုတဲ့အသံတွေကို အားလုံးပဲ ကျယ်ကျယ်လောင်လောင်ကြားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် 4G ကွန်ရက် နဲ့ ပတ်သက်လို့ သိထားသင့်တဲ့အခြေခံအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

4G ကွန်ရက်ဆိုတာဘာလဲ

4G LTEဆိုတာက စတုတ္ထမျိုးဆက်ကွန်ရက်ချိတ်ဆက်မှုနည်းပညာဖြစ်ပြီး 4 ရဲ့နောက်က G က Generation ကိုဆိုလိုတာဖြစ်ပါတယ်။ 4G LTE ကွန်ရက်ဟာ အသုံးပြုသူတွေကို စမတ်ဖုန်း၊ တက်ဘလက်၊ လက်တော့ပ်စတဲ့ကိရိယာတွေကနေ တစ်ဆင့် မိုဘိုင်းလ်အင်တာနက်ကို ပိုပြီး လျင်လျင်မြန်မြန်၊ တည်တည်ငြိမ်ငြိမ် နဲ့ သုံးစွဲခွင့်ရစေနိုင်ပါတယ်။ အကြမ်းဖျင်းအား ဖြင့် 4G ဟာသူ့ရှေ့မျိုးဆက် 3G ထက် ၅ ဆခန့်ပိုမြန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ သီအိုရီအရဆိုရင် 4G LTEမှာ ဒေါင်းလုဒ်မြန်နှုန်းကို 100 Mbps အထိရရှိနိုင်မယ်လို့ ဆိုထားပါတယ်။ လက်တွေ့မှာတော့ အဲဒီလောက်အမြန်နှုန်း အထိဘယ်နိုင်ငံမှာမှ မထောက်ပံ့နိုင်သေးပါဘူး။

3G နဲ့ 4G ဘာကွာသလဲ

အလွယ်ဆုံးပြောရရင်တော့ အမြန်နှုန်းကွာပါတယ်။ 3G နဲ့ သုံးနေရတာနဲ့ 4G LTE ကွန်ရက်မှာသုံးရတာ လုံးဝကို သိသာကွဲပြားနေမှာဖြစ်ပါတယ်။ 4G နဲ့ ဒေါင်းလုဒ်ဆွဲမယ်ဆိုရင် မိုဘိုင်းလ်အော်ပရေတာအပေါ်မူတည်ပြီး အမြန်နှုန်းက 3G နဲ့ဒေါင်းလုဒ်ဆွဲတာထက် ၁၀ ဆ လောက်အထိ ပိုမိုမြန်ဆန်နိုင်ပါတယ်။

4G ကိုတကယ်ရောလိုအပ်ရဲ့လား

တကယ်လို့ အနာဂတ် ဆက်သွယ်ရေးနည်းလမ်းတွေ၊နည်းပညာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ တင်ဆက်မှုတွေကို ခေတ်နဲ့ အညီ ခံစားချင်တယ်ဆိုရင်တော့ 4G ကွန်ရက်ချိတ်ဆက်နိုင်တဲ့ မိုဘိုင်းဆင်းမ်ကတ်တစ်ကတ်နဲ့ 4G အသုံးပြုနိုင်တဲ့ ကိရိယာ တစ်မျိုးမျိုး ရှိနေဖို့ တကယ်ပဲ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာလည်း အူရီဒူးက 4G ကွန်ရက်ကိုထောက်ပံ့ ပေးနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က