XPS စီးရီးဟာဆိုရင် Dell Laptop တွေထဲမှာလူကြိုက်အများဆုံးနဲ့ဆုတံဆိပ်တွေအများဆုံးရရှိထားတဲ့ စီးရီးဖြစ်ပြီး ယခုအခါမှာ Dell က XPS 13 ကိုမြန်မာနိုင်ငံဈေးကွက်အတွက်မိတ်ဆက်လာတာပါ။
 

ကမ္ဘာကျော်အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Dell ကနေပြီး Infinity Edge 4K Display ပါဝင်လာပြီး ပိုမိုးပါးလွှာပေါ့ပါးကာ စတိုင်လ်ကျလှပတဲ့ Rose Gold ၊ Alpine White တို့လိုအရောင်တွေနဲ့ရရှိနိုင်မယ့် စွမ်းဆောင်ရည်မြင့် Laptop အသစ် New XPS 13 ကိုမြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။

XPS စီးရီးဟာဆိုရင် Dell Laptop တွေထဲမှာလူကြိုက်အများဆုံးနဲ့ဆုတံဆိပ်တွေအများဆုံးရရှိထားတဲ့ စီးရီးဖြစ်ပြီး ယခုအခါမှာ Dell က XPS 13 ကိုမြန်မာနိုင်ငံဈေးကွက်အတွက်မိတ်ဆက်လာတာပါ။

New XPS 13 ဟာ၁၃ လက်မသာရှိပေမယ့် Infinity Edge Display ကြောင့်အဆုံးအစမဲ့ မြင်ကွင်းတွေကိုခံစားနိုင်မှာဖြစ်ကာ အလေးချိန် ၂.၇ ပေါင်သာရှိတာကြောင့် သွားလေရာသယ်သွားနိုင်မယ့် တကယ့်စွမ်းဆောင်ရည်မြင့် Laptop တစ်လုံးပါ။

Windows 10 နဲ့ နောက်ဆုံးပေါ် 8th Generation Quad Core processor ကိုသုံးထားတာကြောင့် New XPS 13 ဟာ ကွန်ပြူတာဖွင့်လိုက်တာနဲ့ SSD ကနေလျင်လျင်မြန်မြန် Boot လုပ်ပေးနိုင်လို့ စက်ဖွင့်ပြီးအချိန်အကြာကြီးစောင့်နေဖို့ မလိုပါဘူး။ ဒေတာတွေသိမ်းဆည်းဖို့အတွက်လည်း Hard Disk က 1TB ထိတောင်ပါဝင်ပါတယ်။

ဘက်ထရီကလည်း Full HD သုံးရင် နာရီ ၂၀ နဲ့ Ultra HD သုံးရင် ၁၁ နာရီထိသုံးနိုင်လို့ တကယ့်ကို Lifetime ရှည်ကြာတဲ့ဘက်ထရီပါပဲ။ New XPS 13 ကို ယခင် ၂၀၁၅ တုန်းကထွက်ထားတဲ့ XPS 13 ထက်အဘက်ဘက်မှာ စွမ်းဆောင်ရည်တွေ ၂ ဆမြှင့်ထားလို့ ၁၃ လက်မ Laptop တွေထဲမှာ အကောင်းဆုံးလို့တောင်ဆိုနိုင်ပါတယ်။

 

XPS 13 ဟာ ကမ္ဘာ့ပထမဆုံး Thermal Engineering အတွက် GOREtm Thermal Insulation နဲ့ပြုလုပ်ထားတဲ့ Laptop ဖြစ်ပြီး အပူတွေကိုတွန်းထုတ်နိုင်ဖို့ silica aerogels ကိုအသုံးပြုထားပါတယ်။

Higer Resolution ၊ 4K Ultra HD တို့နဲ့ infinity edge တို့ကြောင့် XPS 13 ဟာ ရုပ်ရှင်တွေကြည့်ဖို့အကောင်းဆုံး Laptop တစ်လုံးလည်းဖြစ်နေပါသေးတယ်။

နောက်ထပ်ထူးခြားချက်အနေနဲ့ XPS 13 ရဲ့အပြင်ဗူးတစ်ခုလုံးကို သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မပေးနိုင်တဲ့ ဝါးနဲ့ပြုလုပ်ထားသလို ထုပ်ပိုးတဲ့ ပလတ်စတစ်တွေကိုလည်း စွန့်ပစ်ပလတ်စတစ်တွေကနေ ပြန်လည်သန့်စင်ထားတဲ့ ပလတ်စတစ်အသန့်တွေကို သုံးထားတာကြောင့် သဘာဝပတ်ဝန်းအထောက်အကူပြု ထုတ်ကုန်တစ်ခုအဖြစ် အသိအမှတ်ပြုရမှာပါ။

XPS 13 ရဲ့အရောင်တွေကို လှပအောင်ဆန်းသစ်တဲ့နည်းပညာတွေသုံးထားတဲ့အပြင် ဘောပင်ခြစ်ရာလိုအစွန်းတွေ ထင်သွားတဲ့အခါ အဝတ်စနဲ့သုတ်လိုက်ရုံနဲ့ပြောင်သွားစေမယ့် coating နည်းပညာကိုလည်းသုံးပေးထားကာ ကြံ့ခိုင်မှုပိုင်းလည်းကောင်းမွန်တာကိုတွေ့ရပါတယ်။

လုံခြုံရေးပိုင်းအတွက်ကြည့်မယ်ဆိုရင်လည်း အထူးလုံခြုံစိတ်ချရတဲ့ မျက်နှာပြင်ဖတ်လုံခြုံရေးစနစ်၊ လက်ဗွေစနစ်၊ အသံစနစ်တို့ကို ထည့်သွင်းပေးထားတာကြောင့် အကြည့်တစ်ချက်၊ ဒါမှမဟုတ် လက်ဗွေတင်လိုက်ရုံ၊ ဒါမှမဟုတ်ရင်လည်း Hello လို့တစ်ခွန်းလောက်ပြောလိုက်ရုံနဲ့ Log in ဝင်လို့ရအောင်အထိ အဆင့်အတန်းမြင့်မြင့်ဖန်တီးပေးထားပါတယ်။

XPS 13 ရဲ့ Core i7 ငွေရောင်ကို 1609$ နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး i5 ရွှေရောင်ကိုတော့ 1719$ နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ကာ ပါဝင်တဲ့ Specification တွေအလိုက်ဈေးနှုန်းကွာခြားနိုင်တာကြောင့် အသေးစိတ်ကို Dell အရောင်းကိုယ်စားလှယ်ကြီးတွေ ထံမှာ စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်။

Share

Loading Next Article...
က္က