Xiaomi ရဲ့ ပထမဆုံး 4K OLED display သုံးဖုန်းကို မကြာခင် မိတ်ဆက်သွားဖို့ ရှိပါတယ်။
TENAA ရဲ့ စမတ်ဖုန်းအချက်အလက် စာရင်းမှာ Xiaomi 2109119BC ကုဒ်နာမည်နဲ့ဖုန်းဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး 4K display သုံး ဖုန်းဖြစ်လာမယ်လို့ ဆိုပါတယ်။ 4K Display ပါလာမယ့် Xiaomi ဖုန်းဟာ မျက်နှာပြင် ၆.၅၅ လက်မ OLED display နဲ့လာပြီး 4K ရုပ်ထွက်ဖြစ်တဲ့ 3840 x 2160px ရုပ်ထွက် သုံးမယ်လို့ GoAndroid က ဖော်ပြထားပါတယ်။
ဖုန်းနာမည်အကြောင်း ကြေညာခြင်း မရှိသေးပေမယ့် ကောလာဟလတွေအရ Xiaomi 2109119BC ဟာ Mi CC9 Pro ရဲ့ နောက်ထွက် follow-up မော်ဒယ် Xiaomi CC11 Pro ဖြစ်ဖို့ ရှိပါတယ်။ မကြာသေးခင်ကပဲ Xiaomi ကနေ Civi ဆိုတဲ့နာမည်နဲ့ စီးရီးသစ် မိတ်ဆက်ထားတာ ဖြစ်လို့ Civi Pro ဗားရှင်းမှာ ပါမလားလို့လည်း ခန့်မှန်းနေကြပါတယ်။
Photo: somagnews
TENAA. Listings အရ 4K Display ပါ Xiaomi ဖုန်းဟာ 2.4GHz octa-core processor နဲ့လာပြီး အမြင့်ဆုံးမော်ဒယ်မှာ RAM 12GB/512GB storage အထိ ထွက်လာမှာပါ။ clock speed အရဆိုရင် Qualcomm Snapdragon 778G ဒါမှမဟုတ် 780G chipset ဖြစ်ဖို့ ရှိပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 11 ကို အခြေခံထားတဲ့ MIUI 12.5 နဲ့ လာမှာပါ။
ကင်မရာအနေနဲ့ ကျောဘက်မှာ Triple-Lens စနစ်နဲ့လာပြီး 64MP main sensor နဲ့အတူ 8MP sensor နှစ်လုံး သုံးလာမယ်လို့ ဆိုပါတယ်။ ထူးခြားချက်တစ်ခုက အရောင်ကို အနက် ၊ အဖြူ ၊ အနီ ၊ အဝါ ၊ လိမ္မော် ၊ ပန်းရောင် ၊ စိမ်းပြာ ၊ အစိမ်း ၊ ခရမ်း နဲ့ အပြာဆိုပြီး ၁၀ ရောင်အထိ သုံးလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။
4K display ကို Sony ရဲ့နောက်ဆုံးထွက် Xperia 1 III မှာ သုံးထားပါတယ်။ Sony Xperia 1 III ဟာ 120Hz refresh rate နဲ့လာတဲ့ ပထမဆုံး 4K OLED display သုံး ဖုန်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး 4K HDR screen သုံး ဖုန်းကိုလည်း Sony ကလည်းပဲ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Sony ရဲ့ Xperia XZ Premium မော်ဒယ်မှာ စပြီး သုံးခဲ့တာပါ။