Flagship Foldable ဖုန်းသစ်ထဲက ရွေးချယ်စရာ

တရုတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ဈေးကွက်ထဲမှာ အပါးလွှားဆုံး Foldable ဖုန်းလို့ ဆိုနိုင်တဲ့ Mi Fold 2 ကို ကြေညာလိုက်ပါတယ်။ 

Xiaomi ရဲ့ ဒုတိယမြောက် Foldable ဖုန်းကို ဩဂုတ်လ ၁၁ ရက်နေ့က တရုတ်မှာ မိတ်ဆက်လိုက်တာပါ။ Mi Fold 2 ဟာ Unfold လုပ်ထားချိန် 5.4mm ပဲ ထူပြီး ကမ္ဘာ့အပါးလွှာဆုံး Foldable ဖုန်းလို့ ဆိုနိုင်ပါတယ်။ Mix Fold 2 နဲ့ အပြိုင် ထွက်ထားတဲ့ Samsung Galaxy Z Fold 2 ရဲ့ အထူဟာ 6.3mm ရှိတာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ ဈေးလည်း Galaxy Z Fold 2 စတိုင် ပိုသက်သာပါတယ်။ 




စာအုပ်တစ်အုပ်လို အတွင်းခေါက် ဒီဇိုင်းနဲ့လာတဲ့ Xiaomi Mix Fold 2 ဟာ အပြင်ဘက်မှာ 120Hz Refresh Rate ပါတဲ့ ၆.၅၆ လက်မဆိုဒ် AMOLED Panel သုံးထားပြီး 21:9 အချိုးနဲ့ တည်ဆောက်ထားပါတယ်။ အတွင်းမျက်နှာပြင်ကိုလည်း 120Hz Refresh Rate ပဲ သုံးထားပြီး ၈.၀၂ လက်မဆိုဒ် 2160 x 1914px LTPO Screen ရှိပါတယ်။ Xiaomi Mi Mix Fold နဲ့ ယှဉ်ရင် သိသိသာသာ Redesign ပြန်ပြောင်းလာတာက ပိုပြီး သေးသွယ်သပ်ရပ်လာတဲ့ Hinge ဖြစ်ပါတယ်။ ခေါက်ထားချိန်မှာ 11.2mm ရှိပြီး ဒီအထူက ကင်မရာ Bump ရဲ့ ဆိုဒ်ကို ထည့်တွက်ထားပုံတော့ မရပါဘူး။ 

ကျောဘက်မှာ အလျားလိုက် ကင်မရာ Bump တန်းတစ်ခု ရှိပြီး Leica Brand တပ်ထားပါတယ်။ ကင်မရာစနစ်အနေနဲ့ 50MP Main Sensor ၊ 13MP Ultrawide Sensor နဲ့ 2x 8MP Telephoto ဆိုပြီး ကင်မရာ ၃ လုံး သုံးထားပါတယ်။ Screen အပေါ်ပိုင်းမှာ punch-hole ကင်မရာပါပေမယ့် Samsung လိုမျိုး မှန်ပြင်အောက် under-display ကင်မရာတော့ သုံးထားခြင်း မရှိပါဘူး။ Flagship Foldable ဖုန်းဖြစ်တဲ့အတိုင်း Mix Fold 2 ဟာ Qualcomm Snapdragon 8 Plus Gen 1 Chipset သုံးထားပြီး RAM 12GB ၊ 67W Fast Charging ပါ 4500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ 


Mix Fold 2 ဟာ Android 12 ကို အခြေခံထားတဲ့ MIUI Fold 13 နဲ့ လာပြီး Galaxy Z Fold 4 စတိုင် ‌Display အောက်ခြေမှာ Taskbar နဲ့ gestures တွေ ကီးဘုတ်တွေကို ထိန်းချုပ်နိုင်မယ့် window management options တွေလည်း ပါဝင်လာပါတယ်။ အသံစနစ်ကို Harmon Kardon စပီကာတွေ သုံးလာပြီး ဖုန်းအရောင်ကို အနက်နဲ့ ရွှေနှစ်ရောင်နဲ့ ထုတ်ထားပါတယ်။ Mix Fold 2 ကို ၈၉၉၉ ယွမ် (၁၃၃၆ ဒေါ်လာခန့်) ဈေးနဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပြီး မြန်မာငွေ ပေါက်ဈေးနဲ့ဆို သိန်း ၃၀ ကနေ ၃၅ သိန်းဝန်းကျင် ကျသင့်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က