Tecno ရဲ့ ဈေးသက်သာတဲ့ Android 10 Go ဗားရှင်း ဘက်ဂျက်ဖုန်းသစ်ကို မက္ကဆီကိုဈေးကွက်မှာ ကြေညာလိုက်ပါတယ်။
Tecno ရဲ့ ဘတ်ဂျက်စီးရီးတစ်ခုဖြစ်တဲ့ Tecno Pop lineup ကနေ Pop 5S နာမည်နဲ့ ဖုန်းသစ်ကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Tecno Pop 5S ဟာ teardrop notch ဒီဇိုင်းနဲ့ ကျောဘက်ထောင်လိုက် စတုဂံဆန်ဆန် ကင်မရာအိမ်အတွင်းမှာ Dual Cameras တွေ သုံးထားတဲ့ ဖုန်းဖြစ်ပြီး Android Go ဗားရှင်းဖုန်းဖြစ်တဲ့အတိုင်း low-end Specs တွေနဲ့ လာပါတယ်။
Photo: techandroids
မျက်နှာပြင်ဆိုဒ် ၅.၇ လက်မဟာ HD+ LCD display သုံးထားပြီး အောက်ခြေနဲ့ ဘေးဘောင်ခပ်ထူထူဒီဇိုင်းနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ ရှေ့ 2MP Selfie ကင်မရာဟာ သီးသန့် Flash နဲ့လာပြီး ကျောဘက်မှာ 5MP Main Camera နဲ့ QVGA အကူကင်မရာ Module တစ်ခု ပါရှိပါတယ်။
Tecno Pop 5S ဟာ Quad Core Unisoc Processor သုံးထားပြီး Processor နာမည်တော့ ပြောထားခြင်း မရှိပါဘူး။ ဒီဖုန်းမှာ RAM 2GB/ 32GB Storage ပါရှိပြီး သီချင်းနားထောင်ဖို့ Headphone Jack နဲ့ အားသွင်းဖို့ microUSB Port သုံးထားပါတယ်။ ဘက်ထရီပါဝါ 3020mAh သုံးထားတဲ့ ဒီဖုန်းကို အပြာရင့် Deep Blue နဲ့ ခရမ်းဖျော့ Light Purple ကာလာတွေနဲ့ ထုတ်ထားပါတယ်။
Andorid Go ဖုန်းဖြစ်တဲ့အတိုင်း Google ဝန်ဆောင်မှုတွေကို ဒေတာအစားသက်သာတဲ့ Go Edition နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်မှာ မက္ကဆီကိုငွေကြေး ၂၂၃၉ ပီဆို (မြန်မာ ၁ သိန်း ၉ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။