ကိုကိုရင်အတွက် မက်မောလောက်စရာ ကမ်းလှမ်းမှုကိုရရှိခဲ့တာပါ။

ရုရှားကစားသမားတယောက်ဖြစ်တဲ့ ကိုကိုရင်အနေနဲ့ ဘောလုံးရာသီမကုန်ဆုံးခင်မှာ (၅) ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် (၁၆) နာရီကြာလိင်ဆက်ဆံခွင့်ရမယ်လို့ ကမ်းလှမ်းခံခဲ့ရဖူးပါတယ်။ ဒီကမ်းလှမ်းချက်ကတော့ ဘောလုံးသမားတယောက်အတွက် တော်တော်လေး ထူးခြားတဲ့ ကမ်းလှမ်းမှုတခုပါပဲ။

ကစားသမားတယောက်က ဂိုးသွင်းရင် အပိုဆုကြေး ဘယ်လောက်ရမယ်ဆိုတာကို စာချုပ်ထဲ ထည့်သွင်းချုပ်ဆိုထားပြီးဖြစ်ပြီး အခု ကိုကိုရင်အတွက် ကမ်းလှမ်းမှုကတော့ အသင်းဘက်က လာတာ မဟုတ်ဘဲ အပြာမင်းသမီးတယောက်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အယ်လီနာဟန်နက်ဆီလို့အမည်ရတဲ့ ဒီအမျိုးသမီးက အခု ကမ်းလှမ်းတာတော့ မဟုတ်ဘဲ ပြီးခဲ့တဲ့ (၂၀၁၅) မှာ ဒိုင်နမိုမော်စကိုအတွက် ကိုကိုရင် ကစားပေးနေချိန်တုန်း ကမ်းလှမ်းခဲ့ဖူးတာပါ။ ရုရှားကစားသမားတွေရဲ့ ရုပ်ရည်လက္ခဏာအတွက် အယ်လီနာကို ရွေးချယ်သတ်မှတ်ခိုင်းချိန်မှာ အယ်လီနာက ကိုကိုရင်အတွက် (၁၀) မှတ်မှာ (၁၀) မှတ် သတ်မှတ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ဒီကစားသမားက ကွင်းထဲမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့သတင်းကြားချိန်မှာ အယ်လီနာက “တကယ်လို့ ရုရှားစူပါလိဂ်မပြီးခင်မှာ ကိုကိုရင်က (၅) ဂိုးသွင်းနိုင်ခဲ့ရင် ကျေးဇူးတင်တဲ့အနေနဲ့ (၁၆) နာရီကြာ လိင်ဆက်ဆံခွင့်ရမယ်လို့ ကျမ ကတိပေးချင်ပါတယ်” လို့ သီးသန့်မက်ဆေ့ချ်ပေးပို့ခဲ့တဲ့အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အဲ့ဒီလိုကမ်းလှမ်းခဲ့တုန်းက ရုရှားစူပါလိဂ်ပွဲစဥ်တွေ ပြီးဆုံးဖို့ (၁၀) ပွဲလောက် ကျန်ရှိနေသေးပြီး လက်ရှိ ပွဲစဥ်တွေမှာတော့ ကိုကိုရင်တယောက် (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကိုကိုရင်က ဇင်းနစ်ကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားမှာ ကစားလျက်ရှိပါတယ်။ 

Share

က္က