e-Waste လျှော့ဖို့ ထုတ်တဲ့ဖုန်း

ဂေဟစနစ်နဲ့ လိုက်ဖက်အောင် ထုတ်ထားပြီး ၂၀၂၅ အကုန်အထိ ဆော့ဖ်ဝဲလ် support ပေးသွားမယ်လို့ အာမခံထားတဲ့ဖုန်း ထွက်လာပါတယ်။

           နယ်သာလန် စမတ်ဖုန်းကုမ္ပဏီ Fairphone အတွက် ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Fairphone 4 ဟာ ရေရှည်အသုံးခံမှုနဲ့ ပြုပြင်ရလွယ်အောင် modular ဒီဇိုင်းအမြင်နဲ့ ထုတ်ထားတယ်လို့ ကြေညာပါတယ်။ မတော်တဆပျက်စီးမှု ဖြစ်ရင် ပြင်လို့ လွယ်မှု အညွန်းကိန်းမှာ French Repairability Index ၁၀ မှတ်မှာ ၉.၂ မှတ်အထိ ရထားတဲ့ဖုန်း ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒီထုတ်ကုန်ဟာ ပြန်ပြီး သန့်စင်အသုံးပြုနိုင်မယ့် ပစ္စည်းအစိတ်အပိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့အညီ မျှတစွာကုန်သွယ်ရေး Fairtrade ရွှေစံသတ်မှတ်ချက်အတိုင်း ထုတ်ထားတဲ့ သတ္ထုတွင်းထွက်တွေကို သုံးထားတယ်လို့ ဆိုပါတယ်။





Photo: GSMArena

           e-Waste လို့ခေါ်တဲ့ လျှပ်စစ်စွန့်ပစ်အမှိုက်ပြဿနာ လျော့ပါးစေဖို့ ဒီဖုန်းမှာ charger နဲ့ အားသွင်းတဲ့ cable ထည့်မထားပါဘူး။ ဘက်ထရီပါဝါအနေနဲ့ 3905mAh ဘက်ထရီနဲ့လာပြီး 20W charging နှုန်းနဲ့ အားသွင်းနိုင်အောင် support ပေးထားပါတယ်။ နောက်ထပ် မပါတာက နားကြပ်ပေါက်ပါ။ နားကြပ်လိုချင်ရင် Fairphone ကနေ ထုတ်ထားတဲ့ TWS earphone ကို ၉၉.၉၅ ယူရိုနဲ့ ဝယ်နိုင်မယ်လို့ ဆိုပါတယ်။

           ဖုန်းထဲက တစ်ခုခု ပျက်သွားရင်လည်း အပိုပစ္စည်းတွေကို Fairphone ကနေ အလွယ်တကူ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီသစ် Brand New တစ်လုံးဆို ၂၉.၉၅ ယူရို ၊ Dual-Camera module အတွက် ၇၉.၉၅ ယူရို ၊ ဆယ်လ်ဖီကင်မရာအတွက်ဆို ၂၉.၉၅ ယူရို သတ်မှတ်ထားပါတယ်။ ပြုပြင်ရလွယ်လို့ Modular ဖြစ်တယ်လို့ ပြောတာပါ။ နောက်ထပ် အားသာချက်တစ်ခုက ဒီဖုန်းဟာ ၂၀၂၅ အကုန်အထိ အကြီးစား Android ဗားရှင်း updates သစ် နှစ်ခုနဲ့ ဆော့ဖ်ဝဲလ် support ပေးသွားမယ်လို့ အာမခံထားတာပါပဲ။ Drop Test စမ်းသပ်ချက်မှာ စစ်တပ်သုံး အကြမ်းခံစံဖြစ်တဲ့ MIL810G နဲ့လာပြီး ရေစို/ဖုန်တင်တာကို IP54 rating နှုန်းအထိ ကာကွယ်ပေးသွားမှာပါ။

           ဖုန်းဒီဇိုင်းအနေနဲ့ ခပ်ရိုးရိုး ပုံစံဟောင်းဖြစ်တဲ့ waterdrop notch နဲ့လာပြီး notch ထဲမှာ 25MP ဆယ်လ်ဖီကင်မရာ တပ်ဆင်ထားပါတယ်။ ဖုန်းဘေးကိုယ်ထည်ဘောင်မှာ လက်ဗွေဖတ်စနစ်တစ်ခုပါရှိပြီး ကျောဘက်မှာ တြိဂံဆန်ဆန် ကင်မရာအိမ်နဲ့အတူလာပါတယ်။ ကျောဘက်ကင်မရာအိမ်ထဲမှာ OIS ပါ 48MP main sensor နဲ့ 48MP ultrawide shooterအပြင် တတိယ cutout မှာToF sensor ၊ autofocus နဲ့ ကာလာ sensor တို့လည်း ပါရှိမှာပါ။


Photo; trustedreviews



           Screen Size ၆.၃ လက်မ FHD+ ဟာ LCD display အမျိုးအစားဖြစ်ပြီး Gorilla Glass 5 အုပ်ထားပါတယ်။ processor အနေနဲ့ mid-range 5G chipset ဖြစ်တဲ့ Snapdragon 750G နဲ့လာပြီး RAM 6/8GB ၊ Storage 128/256GB အပြင် microSD card ကနေပါ storage ထပ်မြှင့်နိုင်မှာပါ။ မီးခိုးရောင် ၊ အစိမ်းရောင်နဲ့ အစိမ်းပြောက် သုံးရောင်နဲ့လာပြီး Android 11 စနစ် သုံးထားပါတယ်။

           အနိမ့်ဆုံး ဗားရှင်းဖြစ်တဲ့ RAM 6GB/128GB storage ကို ၅၇၉ ယူရို (မြန်မာငွေ ၁၂ သိန်းခွဲကျော်) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 8/256 မော်ဒယ်ကို ၆၄၉ ယူရို (မြန်မာငွေ ၁၄ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က