ဒီဖုန်းဟာ ဘက်ထရီကျန်းမာရေးကို ၃ နှစ်အထိ ထိန်းထားနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။

Flagship ဖုန်းတွေဘက် အာရုံစိုက်လာတဲ့ Sony ကုမ္ပဏီဟာ Mark IV စီးရီးဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။ 

Sony Xperia 5 စီးရီးကနေ အသစ်ထွက်လာတဲ့ Xperia 5 IV ဟာ Xperia 5 III နဲ့ တစ်ရွယ်တည်းနီးပါး ဖြစ်ပြီး Mark IV ဗားရှင်းသစ်ဟာ ၁ မီလီမီတာ ပိုပြီး တိုသလို ပိုလည်း ဘောင်ကျဉ်းပါတယ်။ အလေးချိန်အနေနဲ့ 4g ပိုလေးလာတာ ဖြစ်ပါတယ်။ Screen Size ကိုတော့ 21:9 အချိုး ၆.၁ လက်မ 1080 x 2520px OLED Panel နဲ့လာပြီး 120Hz Refresh Rate ပဲ ဆက်သုံးထားပါတယ်။ Display ဟာ အရင် Panel ထက် တောက်ပမှု ၅၀% ပိုများလာမယ်လို့ ဆိုပါတယ်။ 





အရွယ်အစားမပြောင်းလဲပေမယ့် ဘက်ထရီပါဝါပိုင်းမှာ အရင်ထက် ၁၀% ပိုကြီးလာသလို ဘက်ထရီသက်တမ်းလည်း ထိပ်တန်းအဆင့်ကို မြှင့်တင်လာပါတယ်။ 5000mAh ဘက်ထရီ သုံးထားတဲ့ Sony Xperia 5 IV ဟာ 30W PD Charger နဲ့ မိနစ် ၃၀ အားသွင်းရုံနဲ့ ဘက်ထရီအား ၅၀% အထိ ရောက်လာမှာပါ။ ဒီဖုန်းဟာ ဘက်ထရီကျန်းမာရေးကို ၃ နှစ်အထိ ထိန်းထားနိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ 

ဘက်ထရီပါဝါနဲ့ Battery Health မြင့်မားပေမယ့် Xperia 5 IV ဖုန်းဗူးထဲမှာ Charger ပါမလာပါဘူး။ ပလတ်စတစ် ပါကင်ထုတ်ပိုးမှုကို လျှော့ချမှုလုပ်တဲ့အနေနဲ့ Sony Xperia 5 IV ဖုန်းဗူးထဲမှာ USB Cable ကြိုးတောင် ထည့်ပေးမထားပါဘူး။ ကောင်းတဲ့တစ်ချက်က 5 Series တွေထဲမှာ Sony Xperia 5 IV ဟာ ပထမဆုံးအကြိမ် ကြိုးမဲ့အားသွင်းစနစ်ပါလာတာပဲ ဖြစ်ပါတယ်။ Sony ရဲ့ High-End ဖုန်းသစ်ဖြစ်တဲ့အတိုင်း IP68 Rating ရေစို/ဖုန်တင်ဒဏ် ခံနိုင်ရည်ပါရှိပြီး ဖုန်းအရှေ့အနောက် Panel နှစ်ဖက်လုံးကို Gorilla Glass Victus မှန် အုပ်ထားပါတယ်။ 

ကင်မရာနည်းပညာနဲ့ နာမည်ကျော်တဲ့ Sony ဟာ Xperia 5 IV မှာလည်း တန်းမြင့်ကင်မရာစနစ်ကို သုံးထားပါတယ်။ Xperia 5 IV ဟာ ကျောဘက် 12MP ကင်မရာသုံးလုံး သုံးထားပြီး 16mm 1/2.5" Ultrawide ၊ 24mm 1/1.7" Wide နဲ့ 60mm 1/3.5" Telephoto စနစ်တွေနဲ့ လာပါတယ်။ အရင်မော်ဒယ်လိုမျိုး variable 3x-4.4x ပယ်ရီစကုပ်အစား 2.5x တယ်လီကင်မရာစနစ် ရောက်ာလပါတယ်။ Lens သုံးခုလုံးမှာ Autofocus စနစ် ပါလာပြီး Wide နဲ့ Tele ကင်မရာတွေမှာ Optical Stabilization ရုပ်ငြိမ်စနစ် ထည့်ပေးထားပါတယ်။ Sony ရဲ့ နာမည်ကျော် Real-time Eye AF နဲ့ Real-time tracking နည်းပညာကို Xperia 5 IV ရဲ့ Main Shooters တွေထဲမှာ အသုံးပြုလာပါတယ်။Selfie ကင်မရာကိုတော့ fixed-focus ပါ 24mm f/2.0 lens ပါ 12MP 1/2.9" sensor သုံးထားပါတယ်။ 


အတွင်းပိုင်း Internals အနေနဲ့ Qualcomm ရဲ့ Flagship Processor ဖြစ်တဲ့ Snapdragon 8 Gen 1 နဲ့လာပြီး RAM 8GB ၊ 128GB / 256GB Storage တွေ ပါရှိပါတယ်။ Storage ထပ်မြှင့်ဖို့အတွက် microSD Card Slot တစ်ခုလည်း ပါရှိသလို 3.5mm Headphone Jack တစ်ခုလည်း ထည့်ပေးထားပါတယ်။ Xperia 5 IV ဟာ ခေတ်ပေါ် ပရီမီယံစမတ်ဖုန်းတွေထဲမှာ နားကြပ်ပေါက်ပါတဲ့ ရှားပါးဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ဝင်ရောက်တော့မှာပါ။ အသံစနစ်အနေနဲ့ Full-Stage စတီရီယိုစပီကာတွေနဲ့အတူ Dolby Atmos ၊ Hi-Res Audio ၊ DSEE Ultimate နဲ့ 360 Reality Audio နည်းပညာတွေလည်း အသုံးပြုထားပါတယ်။ 

Xperia 5 IV ကို အစိမ်း ၊ အနက် ၊ Ecru White အဖြူ ၃ ရောင်နဲ့ လာပြီး စက်တင်ဘာလလယ်မှာ ဥရောပ ၊ ယူကေနဲ့ အမေရိကန်ဈေးကွက်တွေမှာ ယူရို ၁၀၄၉ ၊ ၉၄၉ ပေါင် နဲ့ ၉၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က