အိန္ဒိယဈေးကွက်အတွက် စိတ်ဝင်စားစရာ ဘတ်ဂျက်ဖုန်းသစ်တစ်လုံးကို Realme က မိတ်ဆက်လိုက်ပါတယ်။
Realme C30 ဟာ Redmi 10A ၊ Tecno Spark Go 2022 နဲ့ Samsung Galaxy A03 Core စတဲ့ တန်ဖိုးနည်းဖုန်းတွေနဲ့ ဈေးကွက်ချင်း ယှဉ်ဖိုက်ဖို့ ထွက်လာတဲ့ ထုတ်ကုန်သစ်ဖြစ်ပါတယ်။ ဒီဖုန်းဟာ ကျောဘက်ကင်မရာတစ်လုံးပဲ သုံးထားပေမယ့် ဆွဲဆောင်မှုရှိတဲ့ Entry-Level ဖုန်းအဖြစ် ထွက်လာတာပါ။ 20:9 Display အချိုုးသုံးထားပြီး Processor ကိုတော့ Entry-Level တန်းထဲမှာ ဖော်ပြကြတဲ့ Octa-Core Unisoc T612 SoC နဲ့ မောင်းနှင်ထားပါတယ်။
Android 11 Go Edition နဲ့လာတဲ့ ဖုန်းဖြစ်လို့ Specs နိမ့်ပြီး Performance ကို သူ့အထာနဲ့သူ ကောင်းအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ Android Go မော်ဒယ်တွေရဲ့ ထုံးစံအတိုင်း Google Stock Apps တွေကို Go Edition နဲ့ ဒေတာအစားသက်သာပြီး ပေါ့ပေါ့ပါးပါး သုံးနိုင်မှာပါ။ Relame C30 မှာ Realme Go Edition ဆိုပြီး သီးသန့် UI တစ်ခုနဲ့ လာပြီး RAM 2GB / 3GB ကိုမှ 32GB Storage ထွက်ထားပါတယ်။ Storage ကိုလည်း 1TB အထိ မြှင့်နိုင်မယ့် သီးသန့် microSD Slot တစ်ခု ပါရှိပါတယ်။
မျက်နှာပြင်ဆိုဒ် ၆.၅ လက်မ ဟာ HD+ ရုပ်ထွက် ပါရှိပြီး waterdrop notch နဲ့လာပါတယ်။ notch ထဲမှာ 5MP Selfie ကင်မရာ တပ်ဆင်ထားပြီး ကျောဘက်မှာလည်း LED Flash တစ်ခုနဲ့အတူ 8MP ကင်မရာတစ်လုံးပဲ သုံးထားတာ ဖြစ်ပါတယ်။ သပ်ရပ်တဲ့ ကင်မရာစတိုင်အပြင် ကျောဘက်မှာ Realme ရဲ့ ထောင်လိုက်စင်း Vertical Stripe ဒီဇိုင်းနဲ့ ထွက်ထားပါတယ်။
နောက်ပိုင်းဖုန်းတွေမှာ ခေတ်စားတဲ့ Flat Side ဘောင်ပြားဒီဇိုင်း သုံးထားပြီး ၈.၅ မီလီမီတာ ထုပဲ ရှိတယ်လို့ ဆိုပါတယ်။ အားနည်းချက်တစ်ခုက micro USB port နဲ့ အားသွင်းရမှာ ဖြစ်ပြီး 10W charging ပဲ Support ရမှာပါ။ ဘက်ထရီပါဝါကတော့ အကြီးစား 5000mAh နဲ့ လာပါတယ်။ တခြား Feature ထဲကဆို 3.5mm Audio Jack ပေါက်တစ်ခု ပါရှိပါမယ်။ အရောင်ကို ဝါးစိမ်းရောင်နဲ့ ရေကန်ပြာရောင် နှစ်မျိုးနဲ့ ဝယ်ယူနိုင်ပါမယ်။
ဈေးအနေနဲ့ RAM ပေါ်လိုက်ပြီး 2/32 GB အတွက် ရူပီး ၇၅၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲကျော်) နဲ့ 3/32GB အတွက် ရူပီး ၈၃၀၀ (မြန်မာငွေ ၂ သိန်းနီးပါး) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။