အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြို့ပြကြီးတွေမှာ နေထိုင်တဲ့သူတွေဟာ ရေကို သောက်သုံးဖို့အတွက် မှာယူနေရသလို၊ ရေသန့်ဘူးတွေကိုလည်း ဈေးမှာ ဝယ်ယူသောက်သုံးနေကျတဲ့သူတွေပါ။
Sponsored bylogo
 

သန့်ရှင်းတဲ့ရေဟာ လူသားတိုင်းအတွက် နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြို့ပြကြီးတွေမှာ နေထိုင်တဲ့သူတွေဟာ ရေကို သောက်သုံးဖို့အတွက် မှာယူနေရသလို၊ ရေသန့်ဘူးတွေကိုလည်း ဈေးမှာ ဝယ်ယူသောက်သုံးနေကျတဲ့သူတွေပါ။

တစ်ခါတစ်ရံ ရေလိုအပ်နေချိန် (သို့) ရေကုန်နေချိန်မှာ အချိန်မီ ရေလာမပို့နိုင်တာ၊ ရေကို ကြိုချက်သောက်သုံးရတာ တွေကြောင့် အချိန် မကုန်သင့်ဘဲ ကုန်ဆုံးနေရတာတွေ မဖြစ်ရလေအောင် “ဘာကြောင့် ရေသန့်စက်နဲ့ ရေကို သန့်စင်သောက်သုံးသင့်လဲ” ဆိုတာ တင်ဆက်ပေးလိုက်ပါတယ်။

၁။ သင်နှင့် သင့်မိသားစု ကျန်းမာရေး

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းပါဝင်ပြီး နေ့စဉ် လုပ်ဆောင်မှုတွေနဲ့ ကျန်းမာရေးကိစ္စရပ်တွေ အတွက် မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နေ့စဉ်သောက်သုံးတဲ့ ရေဟာ သန့်စင်နေဖို့လိုပါတယ်။ ဆရာဝန်တွေကလည်း တစ်နေ့လျှင် ရေ ၈ ခွက်သောက်ဖို့ အကြံပြုထားပါတယ်။

၂။ သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူပြုခြင်း

နှစ်စဉ် ကမ္ဘာကြီးမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ၆၅ ရာခိုင်နှုန်း ဖုံးလွှမ်းနေပါတယ်။ ဒီ စွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်သွားလာတဲ့ ကားတွေရဲ့ ကာဗွန်ဓာတ်ငွေ့ထုတ်လွှင့်မှုတွေဟာလည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ဒါကြောင့် ရေသန့်ဘူးတွေ ဝယ်သောက်မယ့်အစား ရေသန့်စက်တပ်ဆင်အသုံးပြုပြီး ရေသောက်သုံးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေပါတယ်။

၃။ ဦးနှောက် ပုံမှန် အလုပ်မလုပ်ခြင်းမှ ကာကွယ်ပေးခြင်း

ရေထဲမှာ အလူမီနီယံ ပါဝင်နေတယ်ဆိုရင် ဦးနှောက် ပုံမှန် အလုပ်မလုပ်တဲ့ ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ သုတေသနရလဒ်များအရ အလူမီနီယံဓာတ်တွေဟာ ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်ဖို့ခက်ခဲတဲ့အတွက် ဦးနှောက်ထဲမှာ စုနေတယ်လို့ သိရပါတယ်။

၄။ ကုန်ကျစရိတ်သက်သာခြင်း

ရေသန့်သောက်သုံးဖို့ ရေသန့်ဘူးများ ဝယ်ယူရတဲ့ စရိတ်ဟာ ဓာတ်ဆီထက်တောင် ပိုများပါတယ်။ လက်ရှိ လေ့လာတွေ့ရှိချက်များအရ ရေသန့်ဘူးတွေထဲမှာ ကြာရှည်ထည့်ထားတဲ့ ရေများဟာ ဘုံပိုင်ခေါင်းကနေရတဲ့ ရေနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် သင့်အိမ်မှာ ရေသန့်စက်ကောင်းကောင်းတစ်ခု ဝယ်ယူတပ်ဆင်ထားလိုက်တာက သင့်ကုန်ကျစရိတ်ကို ပိုပြီး သက်သာစေမှာပါ။

၅။ ကင်ဆာဖြစ်ပွားခြင်း၊ မွေးကင်းစကလေးများ ချို့တဲ့ခြင်းနှင့် နှလုံးရောဂါဖြစ်ပွားမှုများ မြင့်မားခြင်း

နေ့စဉ် သောက်သုံးတဲ့ ရေထဲကို ကလိုရင်းထည့်ပြီး ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ရပါတယ်။ ဒီလိုပြုလုပ်ရာမှာ ကလိုရင်းတွေပါဝင်မှုများပြားလာပါက ကင်ဆာဖြစ်ပွားမှု၊ မွေးကင်းစကလေးများ ချို့တဲ့မှုအပြင် နှလုံးရောဂါနှင့် ပန်းနာဖြစ်ပွားမှုနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိနေတယ်လို့ သိရပါတယ်။

၆။ ရေပိုက်အဟောင်းများ

ပိုက်နဲ့ချိတ်ဆက်ထားတဲ့ ရေများဟာ ရေသန့်စင် စက်ရုံတွေကနေ သန့်စင်ပြီးတဲ့နောက် နေထိုင်ရာ အိမ်များသို့ ရှည်လျားတဲ့ ရေပိုက်ပေါင်းများစွာ (ပိုက်ဟောင်းများ၊ သံချေးတက်နေတဲ့ ပိုက်များ)ကို ဖြတ်သန်းလာရတာကြောင့် တိုက်ရိုက်သောက်သုံးဖို့သင့်၊ မသင့် စဉ်းစားဖို့လိုပါတယ်။

၇။ ပိုပြီး လတ်ဆတ်သော စားစရာ၊ သောက်စရာများ

ရေသန့်စက်နဲ့ သန့်စင်ထားတဲ့ရေကို အစားအသောက်များအတွက် အသုံးပြုတာဟာ ရေသန့်ဘူးတွေကို သုံးတာထက်ပိုပြီးတော့ ကောင်းမွန်သလို၊ ရေကို သင်လိုအပ်သလို စိတ်ကြိုက် အသုံးပြုနိုင်မှာပါ။

၈။ ဘက်တီးရီးယားများမှ ကာကွယ်ပေးခြင်း

ရေသန့်စင်တဲ့စက်ဖြင့် ဘုံပိုင်ခေါင်းကလာတဲ့ ရေကို CC1E-HT (သို့) CC1E နဲ့ပါ သန့်စင်ပေးတာကြောင့် ဘက်တီးရီးယားများအပြင် သံဓာတ်ပါဝင်မှု များပြားခြင်း၊ ကြေးနီ၊ ခဲ အစရှိတဲ့ အရာများကို သန့်စင်ပေးထားပြီး ဖြစ်တာကြောင့် နေမကောင်းဖြစ်ခြင်းနှင့် အစာအိမ်နဲ့ ပတ်သက်တဲ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၉။ အချိန်ကုန်သက်သာခြင်း

ယခုခေတ်ကြီးှမှာ စက္ကန့်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် ရေသန့်စင်စက်တစ်လုံး ဝယ်ထားလိုက်တာနဲ့ ရေကို ကြိုချက်ရတဲ့အချိန်တွေ၊ ရေသန့်ကုန်လို့မှာပြီး စောင့်နေရတာတွေ ကင်းဝေးပြီး ပျော်ရွှင်စရာဘဝကို ဖြတ်သန်းနိုင်မှာပါ။

၁၀။  အမှားမကင်းတဲ့ လူသားများ

လူသားတိုင်းဟာ အမှားနဲ့မကင်းပါဘူး။ တကယ်လို့ ရေသန့်စင် စက်ရုံမှာ အမှားယွင်း တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင် သောက်သုံးသူတွေအတွက် မကောင်းပါဘူး။ မိသားစုတွေအတွက်လည်း အန္တရာယ်များပါတယ်။

ကိုးကား - purewatersystems

Photo - pixabay, doctoroz, nobullnutrition

+++

SONHA သောက်ရေသန့်စင်စက်

SONHA (7 Filters) ရေသန့်စင်စက် ကြည့်ရန်။

SONHA သောက်ရေသန့်စင်စက်ဟာဆိုရင် အမေရိကန်နည်းပညာနဲ့ ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်ထားတာပါ။

 

SONHA (5 Filters) ရေသန့်စင်စက် ကြည့်ရန်။

SONHA သောက်ရေသန့်စင်စက်များကို သုံးစွဲခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ သင့်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ ကျန်းမာရေးအတွက် ညီညွတ်မျှတသော ပိုးမွှားကင်းစင်သော သောက်ရေသန့်အား အဆင်သင့် လျင်မြန်စွာ သောက်သုံးနိုင်ခြင်း၊ အချိန်ကုန် ငွေကုန်သက်သာခြင်း၊ မီးဖိုချောင်တွင်း အထွေထွေအသုံးပြုရာမှာ ရေကို ဖောဖောသီသီ အသုံုးပြုနိုင်ခြင်းအပြင် ကုမ္ပဏီများ၊ ကျောင်းများ၊ ဆေးရုံများ အစရှိသည့် လူအများအပြား သောက်သုံးရန်အတွက် ထားရှိပေးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

အာမခံအနေနဲ့ကတော့ (၁၈) လပေးထားပြီး၊ အိမ်တိုင်ရာရောက် တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

+++

Share

Loading Next Article...
က္က