Megapixel တိုက်ပွဲ ပြင်းထန်နေတဲ့ 2023 နှစ်လယ်ပိုင်းမှာ တရုတ်ဖုန်းတွေ ယှဥ်ပြိုင်မှုက စိတ်ဝင်စားမှု မြင့်တက်စေပြီး တကယ်လို့သာ အနိုင်ပေးကျေးဆို ဘယ်သူ့ကို ပေးမယ်လို့ စဥ်းစားမိလဲ?
လတ်တလော ရေပန်းစားနေတဲ့ ဖုန်းတွေထဲမှာ OnePlus Nord 3 ၊ Vivo X90s ၊ OPPO Reno10 Pro+ လို ဖုန်းမျိုးတွေ Megapixel Fight ထဲ စိတ်ကြိုက် ရွှိုင်းထားတဲ့ 50MP Sensor တွေနဲ့ အပြိုင် ကြွားလုံး ထုတ်နေပါပြီ။
ဒိကြားထဲ Nothing က လျှိုထားသလိုလိုနဲ့ Surprise တိုက်မလား မပြောတတ်ပေမယ့် ဇူလိုင်ထဲ မြင်ရဖို့ ရှိနေတဲ့ Galaxy Z Flip နဲ့ Z Fold အသစ်တွေလည်း ဝင်နွဲဦးမယ် ထင်ပါရဲ့။
ခု သတင်းမှာတော့ ဇူလိုင် 4 မှာ ကြေညာမယ့် iQOO ဖုန်းသစ်နဲ့ ပတ်သက်လို့ Megapixel Fighter ဖြစ်ကြောင်း အတည်ပြုလိုက်တာပါ။
ပြိုင်ဖက်တွေနဲ့ မတူတဲ့ အရွေ့က Sony အစား ISOCELL GN5 Sensor ကို သုံးထားပြီး OIS စနစ်ပါတယ် ၊ Triple Cam နဲ့ မြင်ရမယ့် Neo 7 Pro မှာ Ultra-wide နဲ့ Depth သို့ Macro Lens အချက်လက်တွေ ပေါက်ကြားခြင်း မရှိသေးပေမယ့် GN5 Sensor ကြောင့် Low-light Performer တလုံး ဖြစ်ကြောင်း အင်တာနက် စာမျက်နှာမှာ သတင်းပျံ့နေပါတယ်။
Snapdragon 8+ Gen1 SoC သုံးထားမယ့် ဖုန်းမှာ 120W Fast Charging ပါပြီး Fearless Flame နဲ့ Dark Storm နှစ်ရောင်အဖြစ် ထွက်ရှိလာမယ့် Neo 7 Pro မှာ 6.78” 120Hz AMOLED Display သုံးထားမယ်လို့ ခန့်မှန်းရပါတယ်။
5,000 mAh Battery ပါမယ့် ဖုန်းကို ဘယ်လောက် တန်ကြေးနဲ့ ရောင်းမလဲဆိုတာကိုတော့ ဇူလိုင် 4 ရက်ကျ သိရမှာပါ။
Soruce: GSMArena