တန်ဖိုးနည်းအိန္ဒိယဖုန်းကုမ္ပဏီ Lava ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘတ်ဂျက်ဖုန်းတစ်လုံး ထွက်ရှိလာပြီ ဖြစ်ပါတယ်။
Lava ကုမ္ပဏီဟာ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကျောဘက်မှန်ကာဗာပါ ရူပီး ၈၇၀၀ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်တန်) Lava Blaze ကို မိတ်ဆက်ခဲ့ပြီး ဒီတစ်ခေါက်မှာ Pro မော်ဒယ်သစ်ကို ထုတ်လုပ်လာတာပါ။ Lava Blaze Pro ဟာ Helio G37 SoC နဲ့လာပြီး Android 12 စနစ် သုံးထားပါတယ်။ Onboard Storage 64GB နဲ့ RAM 4GB ပါရှိပြီး microSD Card ကနေ 256GB အထိ Storage မြှင့်နိုင်မှာပါ။ စမတ်ဖုန်းရဲ့ Internal Storage ကို သုံးပြီး Virtual RAM ကိုလည်း 7GB အထိ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။
Lava Blaze Pro ဟာ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မရှိပြီး HD+ LCD Display သုံးထားပါတယ်။ 90Hz Refresh Rate ပါရှိပြီး ဆယ်လ်ဖီကင်မရာအတွက် Notch တစ်ခု ပါရှိပါတယ်။ Waterdrop Notch ထဲမှာ 8MP Selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက်မှန်ကာဗာပေါ်မှာ 50MP Main Sensor နဲ့အတူ 2MP ကင်မရာတစ်လုံးနဲ့ VGA Units တို့ ပါရှိပါတယ်။ ဒီကင်မရာနှစ်လုံးကတော့ Depth Data နဲ့ Macro လုပ်ဆောင်ချက်အတွက် သုံးဖို့ ဖြစ်နိုင်ပါတယ်။
စမတ်ဖုန်းဘက်ထရီပါဝါ 5000mAh ပါရှိပြီး 10W Charging နှုန်းနဲ့ USB-C Port ကနေ အားသွင်းနိုင်မှာပါ။ တခြား Features တွေအနေနဲ့ 3.5mm Headphone Jack တစ်ခု နဲ့ ဘေးဘောင်လက်ဗွေဖတ်စနစ်တစ်ခု ပါရှိပါတယ်။ Lava Blaze Pro ကို Glass Gold ၊ Glass Green ၊ Glass Blue နဲ့ Glass Orange ဆိုပြီး ကာလာ၄ မျိုးနဲ့ လာပါတယ်။ အိန္ဒိယက Lava ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဒီဖုန်းကို ရူပီး ၁၀၄၉၉ (မြန်မာငွေ ၄ သိန်းအောက်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။