အကြီးစားဘက်ထရီ ၊ အမြန်အားသွင်းနည်းပညာနဲ့ LTE သီးသန့်ပါ Snapdagon 680 Chipset သုံး Huawei Nova Y90 ကို မိတ်ဆက်လိုက်ပါတယ်။
Midranger တစ်လုံးဖြစ်တဲ့ Nova Y90 ဟာ အကြီးစား ၆.၇ လက်မ FHD+ LCD Screen နဲ့လာပြီး 90Hz Refresh Rate နဲ့ 270Hz Touch Sampling Rate သုံးထားပါတယ်။ မှန်ပြင်ရှေ့အပေါ် အလယ်တည့်တည့်မှာ Punch Hole ကင်မရာနဲ့ 8MP Selfie ကင်မရာတစ်လုံး တပ်ဆင်ထားပြီး ကျောဘက်ကင်မရာဒီဇိုင်းဟာ Huawei Mate 40 Series မှာ သုံးခဲ့တဲ့ Star Ring ကင်မရာစတိုင်ကို ပြန်ယူသုံးထားတာ ဖြစ်ပါတယ်။
ခေတ်ပေါ် Flat Edge ဘောင်ပြားဒီဇိုင်းနဲ့ လာပြီး အပေါ်ဘောင်မှာ နားကြပ်ပေါက်တစ်ခု ပါရှိပါတယ်။ အားသွင်းဖို့ USB Typ-C Port ပေါက် သုံးထားပြီး ဘက်ထရီပါဝါကိုလည်း အကြီးစား 5000mAh ပဲ သုံးထားတာပါ။ အားသွင်းမှုအပိုင်းမှာ 40W SuperCharge အမြန်အားသွင်းနည်းပညာ သုံးထားလို့ နာရီဝက်တည်းနဲ့ အား ၅၀% ဝင်မယ်လို့ ဆိုပါတယ်။
ကင်မရာပိုင်းမှာ ရုပ်ထွက်မြင့် 50MP Main Sensor နဲ့အတူ 2MP Macro နဲ့ 2MP Depth Sensor ဆိုပြီး ကင်မရာသုံးလုံး သုံးထားပါတယ်။ ကျောဘက်ဘဲဥပုံကင်မရာ ကွက်ထဲမှာ သုံးလုံးတွဲကင်မရာနဲ့အတူ LED Flash မီးတစ်လုံးတည်း ထည့်ပေးထားပါတယ်။ Huawie Nova Y90 ဟာ LTE-Only ပဲ ရတဲ့ Snapdragon 680 Chipset နဲ့ လာပြီး RAM 8/128GB Storage ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ EMUI 12 နဲ့ လာပြီး Android ဗားရှင်းတော့ ပြောသွားခြင်း မရှိပါဘူး။ Huawei Matebook လက်ပ်တော့တွေနဲ့ ကြိုးမလိုဘဲ ချိတ်ဆက်ပြီး ဖိုင်တွေကို ရယူနိုင်မယ့် Distributed File System လည်း ထောက်ပံ့ထားပါတယ်။ Crystal Blue ၊ Pearl White ၊ Emerald Green နဲ့ Midnight Black ကာလာ ၄ ရောင်နဲ့ လာပြီး ဈေးနှုန်းနဲ့ ထွက်မယ့်ရက် ကြေညာခြင်း မရှိသေးပါဘူး။