OPPO ရဲ့ တန်ဖိုးသင့် A-series ထဲက ဒီဇီုင်းလှပြီး ဈေးသက်သာတဲ့ ဖုန်းသစ်တစ်မျိုးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။
Mid-Range တန်း OPPO A77 4G ဟာ ၆.၅၆ လက်မ IPS LCD Display ၊ Helio G35 Chipset နဲ့ 50MP Main Camera တို့ သုံးလာပါတယ်။ ပြီးခဲ့တဲ့ဇွန်လက OPPO A-Series ကနေ OPPO A77 5G မော်ဒယ်ကို ကြေညာခဲ့တာ ဖြစ်ပြီး 5G မော်ဒယ်မှာ Dimensity 810 Chipset နဲ့ 90Hz Refresh Rate Screen တို့ ပါဝင်ပါတယ်။ 4G မော်ဒယ်မှာတော့ HD+ Resolution နဲ့ 60Hz Refresh Rate ပဲ သုံးထားတာ ဖြစ်ပါတယ်။
Waterdrop Notch ဒီဇိုင်း နဲ့ Flat Edged ဘောင်ဒီဇိုင်း သုံးထားတဲ့ OPPO A77 4G ဟာ ကျောဘက်မှာ ထောင်လိုက်စတုဂံပုံကင်မရာအိမ်နဲ့ ထွက်လာပါတယ်။ notch ထဲမှာ 8MP Selfie ကင်မရာ ပါရှိပြီး ကျောဘက်စတုဂံပုံကင်မရာအိမ်ထဲမှာ 50MP Main Camera နဲ့ 2MP Depth Sensor တို့ သုံးထားပါတယ်။ ကိုယ်ထည်ဟာ IP5X/IPX4 ဖုန်တင်ဒဏ်နဲ့ရေစိုခံနိုင်စွမ်း ပါရှိပါတယ်။ MediaTek Helio G35 Chispet နဲ့အတူ RAM 4GB/64GB Storage တို့ တွဲစပ်ထားပြီး microSD Card Slot ကနေ Storage ထပ်မြှင့်နိုင်မှာပါ။
ဘက်ထရီပါဝါ 5000mAh ဟာ 33W Fast Charging ပံ့ပိုးမှု ပါရှိပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ ColorOS 12.1 စနစ်နဲ့ လာပြီး Sunset Orange နဲ့ Sky Blue ကာလာနှစ်ရောင်နဲ့ ဝယ်ယူနိုင်မှာပါ။ OPPO A77 4G ကို ရူပီး ၁၅၅၀၀ (မြန်မာငွေ ၃ သိန်း ၇ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။