ဓာတ်ပုံရိုက်လိုက်တိုင်း သဘာဝအလှကို ပိုပြီးပေါ်လွင်နေတဲ့ အမျိုးသမီးမော်ဒယ်တွေ အများကြီးရှိပါတယ်။ ပင်ကိုယ်ထက် ပိုပြီးလှပအောင် ရင်သားအတုတပ်ထားတာမျိုးမဟုတ်ဘဲ မိတ်ကပ်နဲ့ပဲ ပိုမိုပေါ်လွင်အောင် ပြုလုပ်ထားတာပါ။ ဒီလိုပြုလုပ်နည်းကို အလှအပရေးရာ ဘလော့ဂါတစ်ဦးက YouTube ပေါ်မှာ လက်တွေ့ပြသထားပါတယ်။
အဆင့်-၁
ပထမဆုံးအနေနဲ့ ရင်သားနှစ်ဖက်ရဲ့အလယ်ကနေ အပေါ်ဘက်ကို မိတ်ကပ်အရင့်နဲ့ ခပ်ဝိုက်ဝိုက်ခြယ်ရမှာဖြစ်ပါတယ်။ ပြီးရင် ချိုင်းနှစ်ဖက်ထောင့်စွန်းမှာ ပုံထဲကလိုဆွဲပါ။ လည်ပင်းနဲ့ညှပ်ရိုးနှစ်ခုကြားက ချိုင့်နေတဲ့နေရာမှာတော့ V ပုံစံ ခပ်သေးသေးဆွဲထားရပါမယ်။ ညှပ်ရိုးတွေကိုတော့ ညီမျှခြင်းပုံစံ မျဉ်းနှစ်ကြောင်းနဲ့ အဆုံးထိဆွဲထားပါ။
အဆင့်-၂
မိတ်ကပ်အရင့်နဲ့ ခြယ်ထားတဲ့နေရာတွေရဲ့ အပေါ်ဘက်တွေမှာ မိမိအသားထက်ပိုလင်းတဲ့ မိတ်ကပ်ဖျော့နဲ့ လိုက်ပြီး ဖို့ထားပေးပါ။ မိတ်ကပ်အနုရော အရင့်ကိုပါ မခြယ်ပါနဲ့ဦး။
အဆင့်-၃
ပထမဦးစွာ မိတ်ကပ်အဖျော့ရောင်ခြယ်ထားတာတွေကို ပျံ့နှံ့သွားအောင် Blending လုပ်ပေးရပါမယ်။ လက်နဲ့မခြယ်ပါနဲ့ မညီမညာဖြစ်တတ်လို့ပါ။ ပြီးမှ အရောင်ရင့်ဆွဲထားတဲ့နေရာတွေကို ပျံ့နှံ့အောင်ဆက်ဖြန့်ပေးရမှာဖြစ်ပါတယ်။
အဆင့်-၄
လိမ်းထားတဲ့ မိတ်ကပ်တွေ ညီညာသွားအောင် ဘရပ်ရှ်ကိုသုံးပြီး ပေါင်ဒါနဲ့လိုက်ညှိပေးရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ သဘာဝအရောင်ဆန်တဲ့ သဘာဝကျစေမယ့်အရောင်မှိုင်းမှိုင်းနဲ့ ပုံထဲကလို လိုက်ဖြည့်ပေးပါ။
အဆင့်-၅
မျက်နှာကို လင်းလက်စေတဲ့ Shimmer နဲ့ နောက်ဆံုံး ခြယ်ပြီးရင် ပြီးပါပြီ။
Push-up ဘရာစီယာလေးက ရင်သားတွေကို အပေါ်ကိုပင့်တင်ပေးနိုင်သလို ကိုယ့်ရဲ့ခြယ်သမှုကလည်း သဘာဝကျကျနဲ့ ဆက်စီဆန်ဆန်လှနေစေပါလိမ့်မယ်။ မင်းသမီးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး အမျိုးသမီးသဘာဝအလှတွေ ပြီးပြည့်စုံနေတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့လည်း ဒီနည်းလမ်းနဲ့ပဲ ဆက်စီကျပြီး ဆွဲဆောင်နေကြတာပါ။
Source : Natalie Boucher YouTube