မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ သူသင့်ကို မှတ်မိဖို့ အလွယ်ဆုံးနည်းပါပဲ။
 

တစ်စုံတစ်ယောက် ကိုယ့်ကိုချစ်လာဖို့ဆိုတာကတော့ သူ့စိတ်နဲ့ပဲ ဆိုင်တဲ့အရာပါ။ ဒါပေမဲ့ သူ့ဘက်က ကိုယ့်ကို သတိထားမိလာအောင်တော့ ကိုယ်ကကြိုးစားလို့ရပါတယ်။

၁။ ပင်ကိုယ်ဟန်အတိုင်းပဲနေပါ။ အရမ်းကာရော ပြင်ဆင်တာတွေ ဟန်ဆောင်တာတွေ မလုပ်ပါနဲ့။

၂။ သပ်သပ်ရပ်ရပ် ရှိပါစေ။ ဘိုသီဘတ်သီနဲ့ ညစ်တီးညစ်ပတ်ပုံစံကို ဘယ်သူမှသဘောမကျပါဘူး။

 

၃။ သူပြောတဲ့စကားတွေကို ငြိမ်ငြိမ်လေး နားထောင်ပေးပါ။

၄။ ပွင့်ပွင့်လင်းလင်း ရယ်မောတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေ နှစ်သက်ကြပါတယ်။

၅။ ကိုယ်ပိုင်အရည်အချင်း ရှိပါစေ။ သူများကို မှီခိုလွန်းသူဟာ ဘယ်လိုနည်းနဲ့မှ လေးစားစရာမကောင်းပါဘူး။

 

၆။ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံပါ။ ဟန်ကြီးတစ်ခွဲသားနဲ့ မနေပါနဲ့။

၇။ သူ့အပေါ် ကြင်နာပါ။ ဂရုတစိုက်ရှိပါစေ။

၈။ သူနဲ့တွေ့ရင် ဘယ်လိုနေမယ်၊ ဘာတွေပြောမယ်ဆိုတာ မှန်ရှေ့မှာပြောကြည့်ပါ။ အရှက်လွန်ပြီး ဘာမှမပြောဘဲနေရင် သူကကိုယ့်ကို သတိထားမှာမဟုတ်ပါဘူး။

 

၉။ မျက်လုံးချင်းဆုံအောင်ကြည့်ပါ။ သူသင့်ကို မှတ်မိဖို့ အလွယ်ဆုံးနည်းပါပဲ။

၁၀။ သင်နဲ့ပတ်သက်တဲ့ ပဟေဠိဆန်ဆန် စိတ်ဝင်စားစရာတွေ ဖန်တီးကြည့်ပါ။

၁၁။ သူဝါသနာပါတဲ့အရာတွေကို ထောက်ခံအားပေးတာက သူသင့်ကို နှစ်သက်လာစေမယ့် အခွင့်ရေးကောင်းတစ်ခုပါပဲ။

Source : Womentalk

Share

Loading Next Article...
က္က