စမတ်ကျတဲ့မိန်းကလေးဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ စိတ်ဓာတ်ကိုက ကောင်းမွန်နေကြသူတွေပါ။ သူများကိုလည်း မထိခိုက်မနစ်နာစေဘဲ ကိုယ်တိုင်လည်း ကောင်းအောင်နေတတ်ကြပါတယ်။ ဒီလိုမိန်းကလေးမျိုးနဲ့ ချစ်သူဖြစ်ရတာ သိပ်ကိုကံကောင်းမှာပါပဲ။
၁။ သူများဦးဆောင်တာမခံဘူး
တချို့ကိစ္စတွေမှာ ယောက်ျား၊မိန်းမ ခွဲခြားမနေဘဲ ကိုယ်ကဦးဆောင်စသင့်ရင် စလိုက်တာပါပဲ။ အချစ်ရေးမှာဆိုရင်လည်း မူယာမာယာတွေမများကြပါဘူး။ ခုံယူပေးမှ ထိုင်မယ်ဆိုတာမျိုးတွေက သူတို့စရိုက်မဟုတ်ပါဘူး။
၂။ ဒရာမာတွေ
ဇာတ်လမ်းတွေထဲကလို နုရွနေတာမျိုးတွေလည်း စိတ်မဝင်စားပါဘူး။ လူကြားထဲမှာ အစားခွံ့ကျွေးတာမျိုးတွေက စမတ်ကျတဲ့မိန်းကလေးတွေနဲ့ ချိန်းတွေ့တဲ့အခါ ကြုံရမှာမဟုတ်ပါဘူး။
၃။ အဆင်ပြေအောင်နေတတ်
သူတို့မှာ အဆင်မပြေစရာတွေရှိလာရင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါတယ်။ ဒါပေမဲ့ ဒါကို အခွင့်အရေးလိုတော့ အသုံးမချကြပါဘူး။ အဆင်မပြေပေမဲ့ ခွင့်လွှတ်ပေးတတ်ကြသူတွေပါ။
၄။ သူများပြောမှသိတာမဟုတ်
ကိုယ်ဘာလဲဆိုတာ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းကြီးသိပါတယ်။ ကိုယ့်အကြိုက်ကိုလည်း သူများရွေးပေးစရာမလိုပါဘူး။
၅။ ဖေ့စ်ဘွတ်
ကိုယ့်ချစ်သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဘာတွေတင်ထားတယ်။ ဘယ်သွားတယ်၊ ဘာတွေရေးတယ်၊ ဘယ်သူနဲ့ချက်တင်လုပ်နေတယ် ဆိုတာမျိုးတွေကို လိုက်ပြီးစစ်မနေပါဘူး။ ဖေ့စ်ဘွတ်အကောင့်ကို တောက်လျှောက်ကြည့်ပြီး ပြဿနာရှာတာမျိုးက စမတ်ကျတဲ့မိန်းကလေးတွေရဲ့စရိုက်မဟုတ်ပါဘူး။
၆။ ကလပ်တက်ရင်
ပျော်ချင်လို့ ကလပ်သွားပါတယ်ဆိုမှ ချစ်သူနားမှာ ပင့်ကူလိုတွယ်ကပ်နေမှာမဟုတ်ဘူးလေ။ သူရောကိုယ်ပါ လွတ်လွတ်လပ်လပ်နဲ့ ကခုန်ကြပါတယ်။
၇။ အတိတ်
သူ့မှာလည်း နာကျင်စရာအတိတ်တွေ၊ စိတ်ပျက်စရာအချိန်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရည်းစားဟောင်းအကြောင်း ထုတ်ပြောတာမျိုးတော့မလုပ်ပါဘူး။ အချစ်တွေအားလုံးကို လက်ရှိချစ်သူပေါ်မှာသာ ပုံထားတတ်ကြပါတယ်။
Source : Womentalk