၁ - အိပ်ရေးမဝတာ
အိပ်ရေးမဝခြင်းဟာ မျက်နှာညစ်နွမ်းရုုံမက အဆီတွေ ပိုထွက်လာပြီး ဝက်ခြံတွေပါ ပိုပေါက်လာပါတယ်။
၂ - ခေါင်းအုံး
ဒီအချက်ကို လူတော်တောာ်များများ သတိမထားမိတတ်ကြပါဘူး။ ခေါင်းအုံးစွပ်ကို ခဏခဏ လဲပေးသင့်ပါတယ်။ ခေါင်းအုံးစွပ် မသန့်ရှင်းတာဟာ သင့်မျက်နှာမှာပါ မသန့်ရှင်းတော့ပါဘူး။
၃ - စိတ်ဖိစီးမှု
စိတ်ပိုင်းဆိုင်ရာ အခြေအနေကလည်း သင့်ရုပ်ရည်ကို သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုများတာကည်း သင့်မျက်နှာကို ညစ်နွမ်းစေပါတယ်။
၄ - စားသောက်ပုံစံ
စားသောက်ပုံစံ မျှတမှု မရှိတာကလည်း မျက်နှာညစ်စေပါတယ်။ အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင် စားပေးသင့်ပါတယ်။
၅ - ခေါင်းတိုင်
ဆေးလိပ်သောက်တဲ့လူဟာ မသောက်တဲ့လူနဲ့ယှဉ်ရင် မျက်နှာသန့်ပြန့်မှုက ကွာခြားပါတယ်။ ဆေးလိပ်ကို ခေါင်းတိုင်တစ်ခုလို ဖွာနေတာက သင့်အသားအရေကို အလွန်အမင်းကို ညစ်နွမ်းစေပါတယ်။
၆ - နေရောင်
နေရောင်အောက်မှာ အနေများတာကလည်း သင့်မျက်နှာကို ခြောက်သွေ့စေပါတယ်။
၇ - ရောဂါ
ဝမ်းမမှန်တာ၊ ရောဂါတစ်ခုခုရှိတာတွေကလည်း သင့်အသားအရေကို ခြောက်သွေ့ညစ်နွမ်းသွားစေပါတယ်။
Photos & Source: GQ