၁ - ဘီး
အသက် ၄၀ ကျော်ရင် ဆံပင်နဲ့ ဦးရေပြားဟာ သာမန်ထက်ကို ပိုဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ဆံပင်နဲ့ နေ့တိုင်းထိတွေ့မယ့် ဘီးကို ကြုံရာဆိုင်က ဝယ်ထားတဲ့ ပလတ်စတစ်ဘီးသုံးတာမျိုး လုံးဝမပြုလုပ်ပါနဲ့တော့။
၂ - နေ့စဉ်ခေါင်းလျှော်ခြင်း
အထူးသဖြင့် အမျိုးသားတွေ လုပ်တတ်ကြပါတယ်။ နေ့စဉ်ခေါင်းကိုရေလောင်းချိုးတာ၊ နေ့စဉ်ခေါင်းလျှော်တာတွေ ဖြစ်ပါတယ်။ ဆံပင်သားတွေဟာ ခြောက်သွေ့ပြီး ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
၃ - Conditioner
Conditioner ကိုလည်းအရင်ကထက် ပိုသုံးပေးပါ။
၄ - သဘာဝပုံစံ
ငယ်ငယ်တုန်းကလို တမင်တကာ ပုံသွင်းယူထားတဲ့ပုံထက် နဂိုအရှိတိုင်းကို မသိမသာပြင်ထားတဲ့ ပုံမျိုးကကောင်းပါတယ်။ ဖရိုဖရဲ ပုံစံမျိုးက သင့်အသက်ကို ပိုနုသွားစေပါတယ်။
၅ - အစားအသောက်
သင်စားတဲ့အစားအစာကလည်း သင့်ဆံပင်နဲ့ ဦးရေပြားကို သက်ရောက်ပါတယ်။ အသားငါး၊ဟင်းသီးဟင်းရွက်တို့ကို အာဟာရမျှတစွာ စားသုံးပေးဖို့လိုပါတယ်။
Photos & Source: Prevention