လူမှုရေး ဖောက်ပြန်မှုနဲ့ ပတ်သတ်ပြီး လေ့လာချက်များစွာ ရှိတဲ့ကြားထဲမှာ ကွဲလွဲမှုလည်း များစွာရှိပါတယ်။ အများစုကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး လူမှုရေး (ဝါ) အိမ်ထောင်ရေးဖောက်ပြန်မှု ပိုများတယ်လို့ ယုံကြည်ထားပါတယ်။
၂၀၀၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ Illicit Encounters ဝက်ဆိုက်က ဒီသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Illicit Encounters ဝက်ဆိုက်ဟာ အမျိုးသားအမျိုးသမီးတွေရဲ့ လူမှုရေးပြဿနာတွေကို ကူညီဖြေရှင်း အကြံပေးနေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ လေ့လချက်အရ အမျိုးသမီးတွေဟာ ဖောက်ပြန်တတ်တဲ့ မိခင်တစ်ဦးက ဆင်းသက်လာသူဆိုရင် သူတို့ကိုယ်တိုင်လည်း ဒါကိုကျူးလွန်မိဖို့ များတယ်လို့ ဆိုပါတယ်။
လေ့လာချက်အရ လူမှုရေးဖောက်ပြားမိဖူးသူ အမျိုးသမီးတွေကို စစ်တမ်းကောက်ရာမှာ ၇၁ ရာခိုင်နှုန်းရဲ့ မိခင်တွေကိုယ်တိုင် ဒီလိုသမိုင်းကြောင်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖောက်ပြန်တတ်တဲ့ အမျိုးသားတွေကို လေ့လာရာမှာတော့ သူတို့ရဲ့ဖခင်တွေထဲမှာ ၄၅ ရာခိုင်နှုန်းသာ ဒီလိုရှိခဲ့တာတွေ့ပါတယ်။
ဒါကြောင့် အကြမ်းဖျဉ်းအားဖြင့် အမျိုးသမီးများ လူမှုရေးဖောက်ပြန်မှုဟာ မိခင်တွေရဲ့ အကျင့်စရိုက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ ဆိုနိုင်ကြောင်း Illicit Encounters ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။
Source : Mirror