၁ - စကား
မိသားစု သံယောဇဉ်ကို တော်ရုံစကားတွေက မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ လူမှာလည်း ခံစားချက် အမျိုးမျိုးရှိသလို စကားလုံးတွေမှာလည်း အတိုင်းအဆ အမျိုးမျိုးရှိပါတယ်။ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကို လျှော့သင့်ပါတယ်။
၂ - အတင်း
မကျေနပ်ရင် အားလုံးရှေ့မှာ ပြောပါ။ အတင်းပြောခြင်းကနေ ရန်မီးစဟာ တအုံ့နွေးနွေးဖြစ်လာတတ်ပါတယ်။
၃ - မပါဝင်မှု
ဘာလုပ်လုပ် မိသားစုဝင်အားလုံး ပါဝင်နိုင်အောင် ကြိုးစားပါ။ အထူးသဖြင့် အငယ်ဆုံးတွေ၊ အကြီးဆုံးတွေကို ချန်ထားတာမျိုး မလုပ်ပါနဲ့။
၄ - ခြားနားမှု
မိသားစုဝင်ဆိုပေမဲ့ ခြားနားမှုကတော့ ရှိတာပါပဲ။ အဆိုပါ ခြားနားမှုကို လက်ခံပေးဖို့လိုပါတယ်။
Photos & Source: Lifehack