၁ - မလွတ်လပ်ဘူး
ဘာပြောပြော ဘာလုပ်လုပ် အမေကိုထည့်တွက်နေတာကြောင့် မလွပ်လပ်သလို ခံစားရပါတယ်။
၂ - ထိန်းချုပ်တယ်
သူ့အမေ သူ့ကို ထိန်းချုပ်ထားသလို သင့်ကို ထိန်းချုပ်လာပါတယ်။ ဒါပေမဲ့ ချစ်ခြင်းတရားနဲ့ ဖြစ်တာကြောင့် သင်ငြင်းပယ်ဖို့ ခက်ပါလိမ့်မယ်။
၃ - အမေကို ပြောမယ်
သင့်ဘက်က တစ်ခုခုလုပ်ဖို့ တင်ပြလာတိုင်း အမေ့ကိုပြောကြည့်ဦးမယ်ဆိုတဲ့ စကားက စိတ်ပျက်စရာပါပဲ။
၄ - နှိုင်းယှဉ်တယ်
တချို့ကိစ္စတွေကို အမေနဲ့ အမြဲနှိုင်းယှဉ်နေပါတယ်။
၅ - ခေါင်းမာတယ်
အမေချစ်တဲ့လူတွေလောက် ခေါင်းမာတဲ့လူတွေ မရှိပါဘူး။ ညှိနှိုင်းမှုအစား သူတို့ပုံစံနဲ့ သူတို့သွားတတ်ကြပါတယ်။
၆ - ဟာသ
အမေအကြောင်းခဏခဏ ပြောပေမဲ့ သူ့အမေအကြောင်းကို ဟာသလေးနည်းနည်းတောင် ပြောလို့မရပါဘူး။
၇ - မက်ဆေ့ဂျ်
သင့်ဆီမက်ဆေ့ဂျ်ပို့တာထက် သူ့အမေဆီမက်ဆေ့ပို့တာက ပိုပါတယ်။
၈ - ဝေခွဲမရ
အသက်ကြီးပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုမရှိသေးတာက သင့်ကို စိတ်အညစ်ဆုံး ဖြစ်စေပါလိမ့်မယ်။
Photos & Source: Elite Daily