နှစ်စဉ် ကျင်းပတဲ့ အထင်ကရပွဲတွေမှာ ဆယ်လီတွေ အမြောက်အမြား တက်ရောက်ကြပြီး ဒီပွဲမှာတော့ ဘယ်သူတွေ ဝတ်တာအလှဆုံးဖြစ်ပြီး ဘယ်သူတွေဝတ်တာ အဂွမ်းဆုံးလည်းဆိုတာကို ကြည့်ရှုသူများနဲ့ မီဒီယာတွေက ပြောဆိုလေ့ရှိပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့၊ လော့ဆန်းဂျလိစ်မှာကျင်းပတဲ့ အမေရိကန်ဂီတပွဲတော်အတွက်လည်း Eonline က သတ်မှတ်ထားတဲ့ အဆိုးဆုံး ဝတ်ဆင်လာသူများစာရင်းက ထွက်ပေါ်လာပါတယ်။
၁။ အိုလီဗီယာမန်း
မင်းသမီး အိုလီဗီယာမန်းရဲ့ ပွဲတက်ဖက်ရှင်ဟာ ဘယ်လိုမှ ပွဲနဲ့ မဟပ်စပ်လှတာကို တွေ့ရပါတယ်။ အရမ်းတိုလွန်းနေပြီး ဝတ်စုံဒီဇိုင်းက ကမ်းခြေသွားမှ ဝတ်ရမယ့်ဝတ်စုံမျိုး ဖြစ်နေပါတယ်။
၂။ ဘယ်လာသွန်း
ဘယ်လာသွန်းရဲ့ တစ်ကိုယ်လုံးအနက်ရောင်ဆင်မြန်းမှုက ထူးခြားမနေသလို ရုပ်ဆိုးလည်းမသွားခဲ့ပါဘူး။ ဒါပေမဲ့ ရိုးစင်းလှတဲ့ သူမရဲ့ဒီဇိုင်းကို နီယွန်ရောင်ဆံပင်နဲ့ တွဲဖက်လိုက်ချိန်မှာတော့ ကြည့်ရရုပ်ဆိုးနေပါတယ်။
၃။ CAM
အဆိုတော်မလေးရဲ့ အဝါတောက်တောက်ဝတ်စုံလေးဟာ အပြာတောက်တောက်အိုင်းရှဲဒိုးနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘဲ ထော်လော်ကန့်လန့်ဖြစ်နေပါတယ်။
၄။ ကာလီကလော့စ်
စူပါမော်ဒယ် ကာလီကလော့်စ်ရဲ့ ဝတ်စုံက ဘယ်ကစလို့ ဘယ်မှာဆုံးသလဲ မသိရလောက်အောင် ရှုပ်ထွေးလှပါတယ်။
၅။ Z LaLa
အဆိုတော် Z LaLa ကို လူတွေ သိပ်မသိကြပေမဲ့ သူမဟာ AMAs ကော်ဇောနီပေါ်မှာ ပုံဆိုးပန်းဆိုးဝတ်ဆင်တတ်သူအဖြစ် နာမည်ကြီးသူပါ။ ဒီတစ်ခါလည်း သူမရဲ့ထုံးစံအတိုင်း ဘယ်လိုမှ ကြည့်လို့အဆင်မပြေတဲ့ ဒီဇိုင်းနဲ့ ပွဲတက်လာပြန်ပါတယ်။
၆။ လော်ရန်ဂီရယ်လ်ဒို
Vine ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးဟာ ဆက်ကပ်ထဲမှာ ဝတ်တဲ့ ဝတ်စုံမျိုးကို ဝတ်ဆင်လာပါတယ်။
၇။ တီနာရှီ
အဆိုတော် တီနာရှီဟာ စပေါ့လုံးလုံးတွေပါတဲ့ ဝတ်စုံပါးလေးနဲ့ သူမရဲ့ အတွင်းခံဝတ်စုံကို ဖော်ပြထားပေမဲ့ ဘယ်လိုမှ ကြည့်လို့ကောင်းတဲ့ ပုံစံဖြစ်မလာခဲ့ပါဘူး။
Source & Photos : Eonline