အပြင်ထွက်ပြီး လူတွေအများကြီးနဲ့ တွေ့ရတာ ပျော်စရာကောင်းပါတယ်။ လူမှုဆက်ဆံရေး ကျယ်ပြန့်လာသလို ကိုယ့်ရဲ့ဝတ်စုံကောင်းတွေကိုလည်း ထုတ်ဝတ်လို့ရတယ်။ ဒါပေမဲ့ အိမ်မှာပဲ ကိုယ်အခင်ဆုံးသူတွေနဲ့ ပါတီပေးရတာလည်း တစ်မျိုးကောင်းတယ်ဆိုတာ ဒီအချက်တွေက သက်သေပြနေပါတယ်။
၁။ လူအုပ်ကြီးထဲ မတိုးရတော့ဘူး
ဆိုင်မှာလို နေရာကောင်းမရမှာ ပူမနေရသလို ကိုယ်လိုချင်တဲ့နေရာရောက်ဖို့ များပြားလှတဲ့ လူတွေကြားထဲ တိုးဝှေ့သွားလာနေစရာလည်း မလိုတော့ပါဘူး။
၂။ ကိုယ်ကြိုက်တဲ့သီချင်း နားထောင်နိုင်တယ်
သင့်ရဲ့ဧည့်ခန်းမှာ သင်ဟာ ဒီဂျေပါပဲ။ ကိုယ့်အကြိုက်ရွေးချယ်နိုင်ပါတယ်။
၃။ တစ်ခွက်သောက်ရဖို့ မေ့လောက်အောင် စောင့်နေစရာမလိုဘူး
ရေခဲသေတ္တာကို ဖွင့်ပြီး ကိုယ်လိုချင်တာ ယူလိုက်ရုံပါပဲ။
၄။ ဈေးသက်သာတယ်
ဆိုင်မှာ နှစ်ခွက်လောက်သောက်ရုံနဲ့ ကုန်ကျမယ့် ငွေပမာဏက အိမ်မှာ တစ်ပုလင်း သောက်နိုင်ပါတယ်။
၅။ ကြိုက်သလောက်စား
ကိုယ်ကြိုက်တာတွေ အကုန်ဝယ်လာပြီး ထိုင်စားနေလို့လည်း ရတာပါပဲ။
၆။ စိတ်အိုက်တဲ့ အဝတ်အစားတွေ ဝတ်စရာမလိုဘူး
ဘယ်လိုအဝတ်မျိုးနဲ့မှ သင့်တော်မယ်လို့ သင်ရွေးချယ်စရာမလိုတော့ဘူး။ ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်စုံနဲ့လည်း ဖြစ်နေတာပဲလေ။
၇။ စကားကောင်းကောင်း ပြောလို့ရတယ်
ဆိုင်တွေမှာ သီချင်းတွေ အကျယ်ကြီးဖွင့်ထားတဲ့အတွက် တစ်မိနစ်လောက် စကားပြောရုံနဲ့ အသံဝင်သွားတာမျိုး မဖြစ်တော့ဘူး။ အေးအေးဆေးဆေး ကိုယ်ကြိုက်တဲ့အကြောင်းအရာကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
၈။ အခင်ဆုံးသူတွေနဲ့ အချိန်ကုန်ဆုံးခွင့်ရတယ်
အိမ်ထဲမှာပဲ ပါတီပေးမှာ ဖြစ်တဲ့အတွက် ကိုယ်အခင်ဆုံးသူတွေကိုသာ ရွေးချယ်ပြီး သင်ဖိတ်မှာပါ။
၉။ မထင်မှတ်ဘဲ ရောက်လာတဲ့ အသိတွေနဲ့ စကားပြောနေစရာမလိုဘူး
ကိုယ်အိမ်ထဲမှာပဲ ဖြစ်တဲ့အတွက် အပြင်ဆိုင်တွေမှာလို လာနှုတ်ဆက်တဲ့သူတွေကို ရယ်ပြပြုံးပြ နှုတ်ဆက်ရတာမျိုးတွေ၊ စကားခဏလောက်ပြောနေရတာမျိုးတွေ မရှိဘူး။
၁၀။ အစီအစဉ်တွေ အများကြီး ဆွဲနေစရာမလိုဘူး
တက္ကစီသမားနဲ့ ဈေးညှိတာတွေ၊ လူအများစု သွားချင်တဲ့နေရာတစ်ခု ရွေးချယ်ရတာတွေစတဲ့ အစီအစဉ်တွေ လုပ်နေစရာမလိုပါဘူး။ စားချင်တာ၊ သောက်ချင်တာတွေ ဝယ်ပြီး သွားရုံပါပဲ။
Source & Photos : Metro