အခုဆိုရင် မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ ဆင်းမ်ကဒ်ကို မှတ်ပုံတင်ထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
Sponsored bylogo

 

 

အခုဆိုရင် မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်းကိုင်ဆောင်သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ ဆင်းမ်ကဒ်ကို မှတ်ပုံတင်ထားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဆင်းမ်ကဒ်ဝယ်ယူချိန်မှာ သက်ဆိုင်ရာမိုဘိုင်းလ်အော်ပရေတာဆိုင်ကနေ ကိုယ်တိုင်မှတ်ပုံတင်နဲ့ တကွဝယ်ယူခဲ့တဲ့သူတွေရဲ့ ဆင်းမ်ကဒ်တွေကမှတ်ပုံတင်ပြီးသားဖြစ်နေနိုင်ပေမယ့် ဖုန်းဝယ်ရင်းလက်ဆောင်ရတဲ့ ဆင်းမ်ကဒ် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ဆီကတဆင့်ရတဲ့ဆင်းမ်ကဒ်မျိုးကိုတွေကို ကိုင်ဆောင်ထားသူတွေ အနေနဲ့တော့ ကိုယ့်ရဲ့ဆင်းမ်ကဒ်ကို မှတ်ပုံတင်ဖို့လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှတ်ပုံတင်ဖို့ လုပ်ဆောင်ရာမှာ အရင်တုန်းက ကိုယ်ကိုင်ဆောင်တဲ့ မိုဘိုင်းလ်အော်ပရေတာအလိုက် သက်ဆိုင်ရာ အရောင်းဆိုင်ခွဲတွေကိုသွားရောက်မှတ်ပုံတင်ဖို့လိုအပ်ပေမယ့် အခုအခါမှာတော့ အူရီဒူးအပါအဝင် မြန်မာနိုင်ငံရဲ့ အဓိက မိုဘိုင်းလ်အော်ပရေတာကြီး ၃ ခုလုံးဟာ သူတို့ရဲ့အသုံးပြုသူတွေကို အွန်လိုင်းကနေတဆင့် မှတ်ပုံတင်နိုင်ဖို့ စီစဉ်ပေးထား ပြီဖြစ်ပါတယ်။ ဒါကြောင့် အော်ပရေတာအလိုက် အွန်လိုင်းကနေမှတ်ပုံတင်လို့ရတဲ့ link တွေ၊ လိုအပ်တဲ့အထောက်အထား တွေနဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အူရီဒူး

အူရီဒူး ဆင်းမ်ကဒ်တွေကို အခုဆိုရင် အွန်လိုင်းကနေတဆင့် လွယ်ကူစွာမှတ်ပုံတင်နိုင်နေပါပြီ။ အူရီဒူးသုံးစွဲသူတွေအနေနဲ့ အူရီဒူး အက်ပလီကေးရှင်းကနေတဆင့် ဆင်းမ်ကဒ်ကိုမှတ်ပုံတင်နိုင်သလို ဒီလင့်ခ် => http://www.ooredoo.com.mm/en/Personal/SelfCare/SIM-Registration.aspx ကနေလည်း ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်ပါတယ်။ လင့်ခ်ကိုနှိပ်လိုက်ပြီးတာနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ ကျား/မ၊ မွေးရပ်၊မွေးနေ့၊ လိပ်စာ တို့ကို ဖြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ကိုယ့်မှတ်ပုံတင်ရဲ့ ရှေ့ဘက် နဲ့ ကျောဘက်ကို ရိုက်ထားတဲ့ ဓါတ်ပုံနှစ်ပုံကို upload လုပ်ပေးရမှာပါ။ မှတ်ပုံတင်ကို ဓါတ်ပုံရိုက်တဲ့အချိန်မှာ ကြည်လင်ပြတ်သားမှုရှိအောင်နဲ့ ကိုယ့်နာမည်အပါအဝင် အခြားအချက်အလက်တွေ ထင်ထင်ရှားရှားပေါ်လွင်စေဖို့ ဂရုစိုက်ဖို့တော့လိုမှာ ဖြစ်ပါတယ်။ အဲဒီလိုအချက်အလက်တွေဖြည့်ပြီး၊ ဓါတ်ပုံလည်းတင်ပြီး သွားပြီဆိုရင် Terms and condition ဆိုတာရဲ့ဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်လေးခြစ်ပြီး Submit ဒါမှမဟုတ် တင်သွင်းသည်ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ အူရီဒူးဆင်းမ်ကဒ်ကို မှတ်ပုံတင်ဖို့လျှောက်ထားတာ ပြီးဆုံးပြီပဲဖြစ်ပါတယ်။ အူရီဒူးအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ဆင်းမ်ကဒ်ကို မှတ်ပုံတင်ခြင်းဖြင့် အင်တာနက်ဒေတာ 500 MB ကိုလက်ဆော င် ရရှိမယ့် အကျိုးကျေးဇူးကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။

(၂) MPT

MPT ဆင်းမ်ကဒ်တွေကိုလည်း အွန်လိုင်းကနေမှတ်ပုံတင်လို့ ရပါပြီ။ ၁၅ သိန်း၊ ၅ သိန်း စတဲ့ စာချုပ်နဲ့ဝယ်ယူရတဲ့ အချိန်တုန်းက ကိုယ့်အမည်ပေါက်နဲ့ ဝယ်ယူထားတဲ့သူတွေဆိုရင် မှတ်ပုံပြန်တင်ဖို့ မလိုအပ်ဘဲနောက်ပိုင်းဝယ်ယူတဲ့သူတွေ ကတော့ မှတ်ပုံတင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ MPT ဆင်းမ်ကဒ်တွေကို အွန်လိုင်းကနေမှတ်ပုံတင်ဖို့အတွက် ဒီလင့်ခ် => https://care.mpt.com.mm/ ကိုဝင်ရောက်ရ မှာဖြစ်ပါတယ်။ ပြီးရင် အကောင့်အားအသုံးပြုရန် စာရင်းပေးသွင်းသည် ဆိုတာကို နှိပ်ပြီး အမည်၊ စကားဝှက် စတဲ့အချက် အလက်တွေကို ဖြည့်ရပါမယ်။ အဲဒီနောက် ကုဒ်ကိုရယူပါဆိုတာကိုနှိပ်ရပါမယ်။ ကုဒ်နံပါတ်ကို အကောင့်ဖွင့်ဖို့ဖြည့်ထား တဲ့ဖုန်းနံပါတ်ကို မက်ဆေ့ချ်ပို့လာမှာဖြစ်ပြီး ရလာတဲ့ကုဒ်ကို အတည်ပြုရန်ကုဒ်ဆိုတဲ့နေရာမှာ ဖြည့်ရပါမယ်။ အဲဒီနောက် စာရင်းသွင်းခြင်းကို နှိပ်ပါ။ ပြီးရင်တော့ အူရီဒူးတုန်းကလိုပဲ အမည်၊ မှတ်ပုံတင်နံပါတ်၊လိပ်စာ စတဲ့အချက်အလက်တွေကို အဆင့်ဆင့်ဖြည့်ပြီးနောက်ဆုံးမှာ မှတ်ပုံတင်ရဲ့ အရှေ့နဲ့နောက်ကျောဘက်ကို ရိုက်ထားတဲ့ ဓါတ်ပုံတွေကိုတင်ပေးရမှာပဲ ဖြစ်ပါတယ်။

(၃)

တယ်လီနော တယ်လီနောဆင်းမ်ကဒ်တွေကိုလည်း တယ်လီနောအက်ပလီကေးရှင်းကနေရော internet browser ကနေရောမှတ်ပုံတင် နိုင်ပါတယ်။ တယ်လီနောအက်ပလီကေးရှင်းကနေမှတ်ပုံတင်မယ်ဆိုရင် ကိုယ့်ဖုန်းထဲကအက်ပလီကေးရှင်းက နောက်ဆုံး ထွက် update ဖြစ်ဖို့တော့လိုပါတယ်။ Internet browser ကနေတင်မယ်ဆိုရင်တော့ ဒီလင့်ခ် => https://ecaf.telenor.com.mm/eCAFStatus.aspx ကိုသွားပါ။ စတင်မည် ဆိုတာကို နှိပ် ပြီးရင်ဖုန်းနံပါတ်ဖြည့် ရပါမယ်။ sign in ကိုနှိပ်ပြီးရင် ကိုယ့်ဖုန်းကို အတည်ပြုကုဒ်မက်ဆေ့ချ်ဝင်လာမှာဖြစ်ပါတယ်။ အဲဒီကုဒ်ကို ဖြည့်ပြီးတဲ့နောက် အူရီဒူး ၊ MPT တို့တုန်းကလိုပဲ ကိုယ့်ရဲ့အချက်အလက်တွေကို အဆင့်ဆင့်ဖြည့်သွားရမှာပါ။ မှတ်ပုံတင်ကို ဓါတ်ပုံရိုက်ထားဖို့လည်း လိုအပ်ပါတယ်။

Share

Loading Next Article...
က္က