အခုခေတ်လိုပဲ ယခင်က မဂ္ဂဇင်းတွေမှာလည်း အမျိုးသမီးတွေအတွက် ဆွဲဆောင်မှုရှိအောင် ဘယ်လိုနေရမယ်ဆိုတာကို ရေးသားတတ်ကြပါတယ်။ ၁၉၆၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မဂ္ဂဇင်းတစ်အုပ်က နည်းလေးတွေ ဖြစ်ပါတယ်။
၁ - ထိုင်နည်း
မိန်းကလေးတစ်ယောက်အတွက် အသင့်လျော်ဆုံး ဆွဲဆောင်မှုရှိအောင် ထိုင်နည်းက ခြေထောက်ကို ဒူးခေါင်းမှာ ချိတ်ထိုင်တာ မဟုတ်ပါဘူး။ ခြေချင်းဝတ်မှာ ချိတ်ထိုင်တာ ဖြစ်ပါတယ်။
၂ - စားနည်း
တစ်ခုခုစားဖို့ မိတ်ဆွေတစ်ယောက်အိမ်က ဖိတ်တဲ့အခါ အားလုံးကို စားပေးပါ။ ဒါပေမဲ့ အားလုံးကို နည်းနည်းစီပဲ စားရပါမယ်။
၃ - အကြီးဆုံးအမှား
မိန်းကလေးအများစုဟာ သူတို့ကိုယ်သူတို့ ဆွဲဆောင်မှုရှိအောင် နေနိုင်ကြပါတယ်။ ဒါပေမဲ့ သူတို့ကို ဆွဲဆောင်မှုမရှိဘူးလို့ တစ်ဖက်က ထင်သွားစေတဲ့ အကြီးဆုံးအမှားကတော့ သူတို့ရဲ့စကားနဲ့ စကားပြောပုံကို သိပ်ဂရုမစိုက်တတ်ကြတာ ဖြစ်ပါတယ်။
၄ - ပိုက်ဆံအိတ်
ကောင်လေးနဲ့ ချိန်းတွေ့တဲ့အခါ အရမ်းကြီးတဲ့ အိတ်ကို ယူမသွားသင့်ပါဘူး။ သေးငယ်လှပတဲ့ ပိုက်ဆံအိတ်မျိုးကို သုံးသင့်ပါတယ်။
၅ - ကားထဲဝင်တဲ့အခါ
ကားထဲဝင်တဲ့အခါ ခေါင်းကို အရင်ဝင်ပြီးမှ ကိုယ်လုံးဝင်တာမျိုး မလုပ်ပါနဲ့။ ဘေးတစ်စောင်းအနေအထားနဲ့ အသာလေးဝင်ထိုင်တာက ဆွဲဆောင်မှုရှိပါတယ်။
၆ - ခန္ဓာကိုယ်အလှ
မျက်နှာလှတာထက် ခန္ဓာကိုယ်လှဖို့က ပိုအရေးကြီးပါတယ်။
Photos & Source: BuzzFeed