ကိုယ့်ဆံပင်တွေက ခြောက်သွေ့ကျိုးကြေတာမျိုး ဖြစ်နေရတာ ဒါတွေကို ဂရုမပြုမိလို့ပါ။
 

ဆံပင်ဖြောင့်တဲ့လူတွေပေါတဲ့ ကမ္ဘာကြီးမှာ မွေးရာပါဆံပင်ကောက်ရတာလည်း သိပ်မလွယ်ပါဘူး။ အလှကုန်ပစ္စည်းတွေဆိုရင်လည်း ဆံပင်ဖြောင့်သူတွေအတွက် ရည်ရွယ်ထုတ်လုပ်တာများတယ်လေ။ ဒီလိုဆိုရင် ဆံပင်ကောက်တဲ့မိန်းကလေးတွေအတွက် ဘာတွေလိုအပ်လဲ?

(၁) ခေါင်းလျှော်ရည်

ဆံသားကောက်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကိုရွေးပါ။ ဆာလ်ဖိတ်မပါတဲ့ ခေါင်းလျှော်ရည်မျိုးက အသင့်တော်ဆုံးဖြစ်ပါတယ်။

 

(၂) ဆံပင်ပျော့ဆေး

ကောက်တဲ့ဆံသားတွေက ပျော့ပျောင်းမနေဘူးဆိုရင် ပွယောင်းယောင်းနဲ့မို့ ကြည့်လို့အဆင်မပြေပါဘူး။ ခေါင်းလျှော်ပြီးတိုင်းမှာ ဆံပင်ပျော့ဆေးကို လက်ချောင်းလေးတွေနဲ့ယူပြီး အသေအချာ သုံးပေးရပါမယ်။

(၃) အစိုဓာတ်

မနက်တည်းက ဘယ်လောက်ပဲ အသေအချာ ပြင်ဆင်ထားပါစေ ညနေလောက်ဆိုရင် ဆံပင်က ပုံစံပျက်လာပါပြီ။ ဆံပင်ကို အစိုဓာတ်ဖြည့်ပေးလိုက်ပါ။ ဆံပင်ကိုအားဖြည့်ပေးနိုင်မယ့် mist လေး ဖြန်းပေးလိုက်မှ ဆံပင်လေးတွေက လှပနေမှာဖြစ်ပါတယ်။

Source : Health

Share

Loading Next Article...
က္က