ဂျပန်အမျိုးသားတစ်ဦးရဲ့ စိတ်ကောက်နိုင်စွမ်းကတော့ အံ့မခန်းပါပဲ။ ကမ္ဘာ့အချိန်ကြာဆုံး စိတ်ကောက်နိုင်သူဆုကိုများ ပေးမယ်ဆိုရင်တောင် ရမှာသေချာပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း နာရာဒေသက အိုတိုယူ ကာကာယာမဆိုတဲ့ အမျိုးသားဟာ ယင်းရဲ့ဇနီးသည်နဲ့ တစ်အိမ်တည်းနေပြီး စကားမပြောဘဲနေတာ နှစ် ၂၀ လောက်တောင် ရှိနေပြီလို့ သိရပါတယ်။
အိုတိုယူနဲ့ ဇနီးဖြစ်သူ ယူမီတို့ဟာ သားသမီး ၃ ဦးနဲ့အတူ တစ်အိမ်တည်းအတူနေထိုင်ကြပေမဲ့ စိတ်ကောက်နေတဲ့ အိုတိုယူက ယူမီကို စကားမပြောဘဲနေလာခဲ့ ဆယ်စုနှစ် ၂ ခု ကြာသွားခဲ့ပါပြီ။ ဖခင်က မိခင်ကို စိတ်ကောက်ပြီး စကားမပြောတဲ့အကြောင်းကို အသက် ၁၈ နှစ်အရွယ် သားဖြစ်သူက ရုပ်သံအစီအစဉ်ကို စာပို့ပြီး အကူအညီတောင်းခဲ့ပါတယ်။
စိတ်ကောက်နိုင်လွန်းတဲ့ ဖခင်က မိခင်နဲ့ပြန်ပြီးစကားပြောဖို့အတွက် သူတို့နှစ်ဦးပထမဆုံးချိန်းတွေ့ရာ နာရာပန်းခြံမှာ ဆုံတွေ့စေပြီး ရုပ်သံလွှင့်ဌာနက ရိုက်ကူးရေးစီစဉ်ခဲ့ပေးခဲ့ပါတယ်။ အိုတိုယူက ယူမီကို သဝန်တွေတိုပြီး စိတ်ကောက်ရာကနေ စကားမပြောဘဲ အေးစက်စက်ဆက်ဆံခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ရုပ်သံအစီအစဉ်အဆုံးမှာတောာ့ အိုတိုယူက ယူမီကို ပြန်ပြီးစကားပြောခဲ့ပါတယ်။
Source : Daily Mail