သဘာဝပစ္စည်းတွေကိုချည်းပဲ သုံးလို့ရပါတယ်။

Waxing လို့ခေါ်တဲ့ ဖယောင်းကိုအသုံးပြုပြီး အမွေးအမှင်တွေ ဖယ်ရှားဖို့အတွက် အလှပြင်ဆိုင်တွေကို မသွားဘဲ အိမ်မှာလုပ်လို့လည်း ရပါတယ်။ ဓာတုပစ္စည်းတွေ လုံးဝမသုံးဘဲ သဘာဝပစ္စည်းနဲ့ အမွေးတွေကို ဖယ်ရှားမယ်ဆိုရင်တော့ သကြားက အကောင်းဆုံးပေါ့။

 

လိုအပ်တဲ့ပစ္စည်းတွေက - သကြားညို၊ သံပရိုသီးနဲ့ ရေတို့ပဲ ဖြစ်ပါတယ်။ ဖန်ခွက်တစ်လုံး (ဒါမှမဟုတ်) ထည့်စရာ ဖန်ပုလင်းတစ်ခုလည်း လိုပါမယ်။

သံပရိုသီးကို ခွက်ရဲ့လေးပုံတစ်ပုံစာရအောင် ညှစ်ထားပါ။ သကြားညို ၁ ခွက်စာ လိုပါမယ်။ ရေသန့်လည်း သံပရိုရည်နဲ့ဆတူ ထည့်ရပါမယ်။ အားလုံးကို ဒယ်အိုးထဲထည့်ပြီး ၅ မိနစ်မှ ၇ မိနစ်ကြာ အပူပေးပါ။ ကျိုထားပြီးတဲ့ သကြား သံပရိုရည်ကို ဖန်ပုလင်းထဲထည့်ပြီး အခန်းအပူချိန်မှာပဲ အအေးခံထားရမှာဖြစ်ပါတယ်။ အေးသွားပြီဆိုရင်တော့ အသုံးပြုလို့ရပါပြီ။ သဘာဝပစ္စည်းတွေကို အသုံးပြုထားလို့ အသားအရေထိခိုက်မှာလည်း စိတ်မပူရပါဘူး။

Source : ELLE

Share

Loading Next Article...
က္က