ဒီအချက်လေးတွေက အသုံးတည့်မှာပါ။
 

ဖိနပ်ဆိုတာ ခြေထောက်မှာစီးရတာဆိုပေမဲ့ ကိုယ့်ရဲ့အလှအပနဲ့ ရုပ်ဆင်းသွင်ပြင်ကို တိုက်ရိုက်သက်ရောက်စေတဲ့အရာပါ။ ဒါကြောင့်မို့လို့ ဖက်ရှင်ကို အလေးထားသူတိုင်းကလည်း ဖိနပ်ကို သေသေချာချာရွေးချယ်ကြပါတယ်။ ကိုယ်သေသေချာချာရွေးထားတဲ့ ဖိနပ်လေးကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

 

၁။ ကြိုးသိုင်းရတဲ့ဖိနပ်တွေကြောင့် ဖနောင့်အပေါ်ပိုင်းတွေ ပွန်းပဲ့ပြီးနာကျင်ရတတ်ပါတယ်။ ကွေးနိုင်၊ ဆန့်နိုင်တဲ့ ပလာစတာအပါးလေးကို ဖိနပ်သိုင်းကြိုးရှိမယ့် ခြေထောက်နေရာပေါ်မှာ ကပ်ထားလိုက်ရင် ကြိုးကြောင့်ပွန်းပဲ့နာကျင်ရတာ မဖြစ်တော့ပါဘူး။

 

၂။ ရှုးဖိနပ်ကျပ်ကျပ်တွေတွေစီးလို့ ခြေထောက်နဲ့ဖိနပ် ပွတ်တိုက်မိတဲ့အခါ နာကျင်ရတာမျိုးမဖြစ်ချင်ရင်တော့ ခြေထောက်လေးတွေကို ကိုယ်လိမ်းပေါင်ဒါလူးပေးပြီး ရှုးဖိနပ်ကိုစီးပါ။

 

၃။ ဝယ်ခဲ့တုန်းကတော့ ကိုယ်စီးနေကျ ဖိနပ်ဆိုဒ်ပါပဲ။ ဒါပေမဲ့ ထိပ်ပိုင်း၊ ဘေးပိုင်းတွေမှာ ကျပ်နေလို့ မဝတ်လိုက်ရတာမျိုး မဖြစ်ရအောင် နည်းလမ်းလေးသိထားဖို့လိုပါတယ်။ ခြေအိတ်ထူထူတစ်စုံကို ခြေထောက်မှာစွပ်လိုက်ပါ။ ပြီးရင်ဖိနပ်စီးပါ။ ကျပ်နေတဲ့အပိုင်းကို Dryer သုံးပြီး အပူနည်းနည်းနဲ့ ဖြည်းဖြည်းချင်း အပူပေးပါ။ ဖိနပ်ချောင်လာပါလိမ့်မယ်။ ကျပ်နေသေးတယ်ဆိုရင်တော့ ဖိနပ်အေးသွားမှ နောက်ထပ်တစ်ကြိမ်အပူပေးလိုက်ပါ။

 

၄။ ခြေထောက်အနံ့ဆိုးထွက်တာကိုလည်း ဖြေရှင်းလို့ရပါတယ်။ ညဘက်မှာ ခြေထောက်ကို သေသေချာချာဆေးကြောပါ။ ခြောက်သွားရင် ချွေးနံ့ပျောက်ဆေးလိမ်းထားပြီး အိပ်လိုက်ပါ။ မနက်ဆိုရင် အနံ့ဆိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။

Source : Brightside


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က