ပထမဆုံးသော နိုင်ငံတကာ 5G ဖုန်းခေါ်ဆိုမှု ကို လက်တွေ့ စမ်းသပ်နိုင်ခဲ့ကြောင်း Ooredoo Group မှ ယနေ့ အတည်ပြုကြေညာခဲ့တာပါ။ ဒီ ဖုန်းခေါ်ဆိုမှုဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂) နေ့တွင် ooredoo group ရဲ့ အမှုဆောင်အရာရှိချုပ် နှင့် အူရီဒူး ကူဝိတ်ရဲ့ အမှုဆောင်အရာရှိချုပ်တို့ ကြားမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ 5G ကွန်ရက်ကို စတင်ဖြန့်ကျက်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးသော အော်ပရေတာဖြစ်လာခဲ့ပြီး ဈေးကွက်တွင်း ကျယ်ကျယ်ပြန့်ပြန့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့်အရမ်းကို ဝမ်းသာပါတယ်။ ဒီနေ့မှာလဲ ပထမဆုံးသော နိုင်ငံတကာ 5G ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာ ခေါ်ဆိုနိုင်ခဲ့တာကြောင့် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးရဲ့ ရှေ့တန်းကနေ ရပ်တည်ပြီး ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ 5G ရဲ့စွမ်းဆောင်ရည်တွေကို ပထမဆုံးခံစားခွင့်ရနိုင်အောင်လုပ်ဖို့က ကျွန်တော်တို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ဒီဖုန်းခေါ်ဆိုမှုကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တာဟာ 5G ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေးအတွက် အရမ်းကိုအရေးပါတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်မိပါတယ်။” လို့ ဒီ မှတ်တိုင်နဲ့ ပတ်သတ်ပြီး Ooredoo group ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Sheikh Saud Bin Nasser AI Thani ကနေ ခုလိုပြောပါတယ်။
အူရီဒူး ကာတာဟာ 5G ကွန်ရက်အား စတင်ဖြန့်ကျက်နိုင်တဲ့ကမ္ဘာ့ပထထမဆုံးသော အော်ပရေတာ ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် မေလက စပြီး အများပြည်သူကျယ်ကျယ် ပြန့်ပြန့် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 5G ဟာ အလွန် မြန်ဆန်သော အင်တာနက်အမြန်နှုန်း၊ အလွန်များပြားသော throughput နှင့် latency နည်းပါးမှု တို့ကြောင့် မိုဘိုင်းဖုန်းကဏ္ဍနဲ့ကြိုးနဲ့ချိတ်ဆက်မှုများကိုပါ ပြောင်းလဲနိုင်သော ကွန်ယက်တစ်ခုဖြစ်လာမှာပါ။
Ooredoo Group ၏ စီမံကိန်းများထဲမှ ဒေသအတွင်း 5Gကွန်ရက် အား ဖြန့်ကျက်နိုင်ရန်အတွက် စီစဉ်ထားသော စီမံကိန်းတစ်ခု ဖြစ်ပြီး ဒိုဟာတွင် မြင့်မားသော နည်းပညာစွမ်းရည်အသစ် အားစတင်နိုင်ရန်လည်း လုပ်ဆောင်လျက်ရှိပါတယ်။