5G မူပိုင်ခွင့်ပေါင်း ၃၅၀၀ ကျော် တင်ထားပါတယ်။

ကမ္ဘာ့စတုတ္ထအကြီးဆုံး တယ်လီကွန်း supplier ကြီး ဖြစ်တဲ့ ZTE ဟာ လက်ရှိအချိန်အထိ 5G ကွန်ရက် သဘောတူမှု စာချုပ်ပေါင်း ၂၅ ကျော် ချုပ်ဆိုထားတယ်လို့ဆိုပါတယ်။


           ရှန်းကျန့်အခြေစိုက် ZTE ဟာ ကမ္ဘာတစ်ဝှမ်းက တယ်လီကွန်းပေါင်း ၆၀ ကျော်နဲ့5G ကွန်ရက် ပူးပေါင်းမှုများ လုပ်ဆောင်နေပြီး နောက်ထပ်သဘောတူစာချုပ်တွေလည်း ထပ်ချုပ်ရဖို့ရှိတယ်လို့ကုမ္ပဏီမှ ထုတ်ပြန်ပါတယ်။ South China Morning Post သတင်းအရ ဆွီဒင်အခြေစိုက် Ericsson ဟာ 5G စာချုပ်ပေါင်း ၂၂ ခု ရထားပြီး ဖင်လန်မှ Nokia ဟာ ၄၃ ခုနဲ့ဒုတိယအများဆုံး တယ်လီကွန်း provider အဖြစ် ရှိနေတယ်လို့ဆိုပါတယ်။



Photo: SCMP

           ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ Huawei Technologiesဟာ 5G ကွန်ရက် သဘောတူ စာချုပ်ပေါင်း ၅၀ အထိ ချုပ်ဆိုထားပါတယ်။ ဇွန်လဆန်းမှာ တရုတ်စက်မှုနဲ့သတင်းအချက်အလက် ဝန်ကြီးဌာဟာ တယ်လီကွန်း carriers တွေ ဖြစ်တဲ့ China Mobile ၊ China Unicom နဲ့China Telecom နဲ့ကေဘယ်ကွန်ရက် အော်ပရေတာ China Broadcasting Network တို့ကို commercial 5G Licences များ ချပေးခဲ့ပါတယ်။

           ကမ္ဘာ့အကြီးဆုံး ကြိုးမဲ့ကွန်ရက်အော်ပရေတာတစ်ခု ဖြစ်တဲ့ China Mobile ဟာ မြို့ပေါင်း ၄၀ ကို ဖြန့်ကျက်မယ့် 5G ကွန်ရက်အတွက် လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို တင်ဒါခေါ်ခဲ့ပြီး ZTE ဟာ China Mobile အတွက် လိုအပ်တဲ့ MME/SGSN ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ၅% နဲ့SAE-GW/GGSN စနစ်ပိုင်းအတွက် ၃% supply လုပ်ခွင့် ရခဲ့ပါတယ်။ MME/SGSN ဟာ 5G ကွန်ရက်တစ်ခုမှာ device တွေရဲ့ အချက်ပြစနစ်ကို ထိန်းချုပ်ခြင်းနဲ့အကောင်းဆုံးအလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးတာ ဖြစ်ပြီး SAE-GW/GGSN ကတော့ ဒေတာလမ်းကြောင်း ပေးပို့မှုနဲ့စီမံမှုပိုင်းကို ခန့်ခွဲတဲ့ စနစ်ဖြစ်ပါတယ်။

Photo: gizchina

           Huawei ဟာ China Mobile အတွက် MME/SGSN စာချုပ်အားလုံးရဲ့ ၄၉% နဲ့SAE-GW/GGSN အော်ဒါ ၅၄% ရသွားခဲ့ပါတယ်။ ZTE ဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ကြုံပြီး ၂၀၁၈ ပထမ ၆ လအတွင်း အနည်းဆုံး ယွမ် ၇.၈ ဘီလျံ ဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ZTE ကို အီရန်နဲ့မြောက်ကိုရီးယားတို့ထံ နည်းပညာနဲ့ထုတ်ကုန်တွေ ရောင်းချခဲ့တာကြောင့် ဒေါ်လာ ၁.၄ ဘီလျံ ပေးဖို့သဘောတူခဲ့ရသလို အကြီးတန်းဒုဥက္ကဌအပ်အဝင် ကုမ္ပဏီရဲ့ အမှုဆောင်နဲ့ဘုတ်အဖွဲ့တစ်ခုလုံးကို လူစားလဲခဲ့ရပါတယ်။

           ZTE ဟာ 5G မူပိုင်ခွင့်ပေါင်း ၃၅၀၀ ကျော် ပိုင်ဆိုင်ထားပြီး စမတ်ဖုန်း ၊ routers နဲ့mobile hotspots အပါအဝင် 5G ထုတ်ကုန် ဖွံ့ဖြိုးရေးအတွက် ကမ္ဘာအဝှမ်းမှ အော်ပရေတာ ၂၀ ကျော်နဲ့လက်တွဲ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ZTE ရဲ့ ပထမဆုံး 5G ဖုန်း Axon 10 Pro ကို MWC 2019 မှာ ပြသခဲ့ပြီး ဒီဖုန်းကို တရုတ် ၊ ဂျာမဏီ ၊ ယူအေအီး ၊ ဖင်လင်နဲ့သြစတြေးလျတို့မှာ ဒီနှစ်ထဲ ဖြန့်ချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က