Samsung ဟာ 5G modem ပါတဲ့ mobile processor သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
mid-range မော်ဒယ် 5G ဖုန်းတွေအတွက် အဓိက ရည်ရွယ်ထားတဲ့ Exynos 980 ဟာ multi-mode စွမ်းဆောင်ရည် ပါတဲ့ chipset ဖြစ်ပြီး 2G ၊ 3GB ၊ 4G နဲ့5G standards တွေအကုန်လုံးကို support ပေးထားတာပါ။ 8nm FinFET process ကို အခြေခံတည်ဆောက်ထားတာ ဖြစ်ပြီး 2.2 GHz Cortex-A77 units နှစ်စုံနဲ့1.8GHz Cortex-A55 cores ၆ ခု ပါဝင်ပါတယ်။
GPU ဟာလည်း Mali-G76 MP5 ဖြစ်ပြီး 5G NR modem ဟာ Downlink speed အနေနဲ့2.55Gbps အထိ ဆွဲနိုင်မယ်လို့ဆိုပါတယ်။ တစ်ခြား specs အနေနဲ့3360 x 1440p ရုပ်ထွက်ရှိတဲ့ WQHD+ display ပံ့ပိုးမှု ပါပြီး AI task တွေလုပ်ဆောင်ရာမှာ အရင် Exynos တွေထက် ၂.၇ ဆပို သွက်ကောင်းမွန်လာမယ်လို့ကုမ္ပဏီက ကြေညာပါတယ်။
ကင်မရာပိုင်းမှာ 108MP resolution အထိ ပံ့ပိုးပေးထားပြီး စမတ်ဖုန်းတစ်လုံးမှာ သီးခြား sensor ၅ ခု အထိ support ပေးမှာပါ။ Exynos 980 မှာ ပါတဲ့ NPU ကလည်း မြင်ကွင်းနဲ့အရာဝတ္ထုဖတ်ရှုမှတ်သားရာမှာ AI camera လုပ်ဆောင်ချက်တွေနဲ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။ 4K UHD video တွေကိုတော့ 120fps နဲ့ရိုက်ကူးနိုင်စေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
Exynos 980 ကို ဒီနှစ်ကုန်ပိုင်းရောက်မှ အကြီးအကျယ်ထုတ်လုပ်မှု စတင်သွားဖို့ရှိပြီး ၂၀၂၀ နှစ်ဆန်းမှာ Exynos 980 သုံး 5G ဖုန်းတွေ မြင်ရဖို့ရှိပါတယ်။