နောက်နှစ် ဇန်နဝါရီလထဲမှာ 5G စသွားမှာပါ

စင်ကာပူနိုင်ငံရဲ့ အကြီးဆုံး ကြိုးမဲ့ကွန်ရက်အော်ပရေတာကြီးတွေဟာ 5G ကွန်ရက်တည်ဆောက်ရေးအတွက် supplier ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ စင်ကာပူအစိုးရဟာ တယ်လီကွန်းကုမ္ပဏီများအတွက် 5G လုပ်ငန်းလိုင်စင် တရားဝင်ထုတ်ပေးခဲ့ပါတယ်။ စင်ကာပူရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာဖြစ်တဲ့ Singapore Telecommunications (Singtel) ဟာ 5G ကွန်ရက်ပစ္စည်းအစိတ်အပိုင်းတွေကို ဆွီဒင်နိုင်ငံ Ericsson ဆီမှ မှာယူသွားမှာ ဖြစ်ပြီး StarHub ဟာ ဖင်လန်နိုင်ငံမှ Nokia တယ်လီကွန်းကို ရွေးချယ်ထားတာ ဖြစ်တယ်လို့ Nikkei Asian Review သတင်းက ဆိုပါတယ်။ 




Photo: everydayonsales

နိုင်ငံအနှံ 5G ဝန်ဆောင်မှုတွေကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ဖြန့်ကြက်သွားမှာ ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အကုန်မှာ လွှမ်းခြုံသွားဖို့လည်း မျှော်မှန်းထားပါတယ်။ စင်ကာပူနိုင်ငံဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဝန်ကြီး အက်စ်အစ္စဝါရန်ကတော့ 5G ကွန်ရက်တည်ဆောက်ရေးအတွက် ဘယ်လို ကွန်ရက်ပစ္စည်းရောင်းချသူတွေကိုမှ ချန်လှပ်မထားခဲ့ဘဲ လုံခြုံရေး ၊ ကွန်ရက်ခံနိုင်ရည်နဲ့ စွမ်းဆောင်ရည် လိုအပ်ချက်တွေ‌ကို ဦးစားပေးထားတယ်လို့ ပြောခဲ့ပါတယ်။

ဒီလို 5G supplier ရွေးချယ်မှုဟာ စင်ကာပူရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှု မြင့်တက်နေချိန်မှာ ရွေးချယ်သွားတာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံများကို နိုင်ငံ့လုံခြုံရေးအတွက် တရုတ်တယ်လီကွန်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei နည်းပညာမသုံးဖို့ တိုက်တွန်းနေတာပါ။ StarHub-M1 ပူးတွဲလုပ်ငန်းစုကတော့ တစ်ခြားကွန်ရက်ပစ္စည်းတွေ အတွက် Huawei နဲ့ ZTE အပါအဝင် ကွန်ရက်ပစ္စည်းရောင်းချသူတွေနဲ့လည်း လက်တွဲသွားဖို့ ရှိနေပါတယ်။

စင်ကာပူနိုင်ငံဒေသတွင်း 5G ကွန်ရက်တစ်ခု တည်ဆောက်ခွင့်ရထားတဲ့ ဩစတြေးလျတယ်လီကွန်းအော်ပရေတာ TPG Telecom ကတော့ Huawei ကွန်ရက်ပစ္စည်းအစိတ်အပိုင်း သုံးမယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က