မြန်မာငွေ ၇ သိန်းကနေ ၉ သိန်းကျော် ဈေးအထိ ပေါက်ပါတယ်

Vivo ရဲ့ ကင်မရာအသားပေး X-series ဟာ ဒီတစ်ကြိမ်မှာလည်း ထူးခြားတဲ့ ကင်မရာ features တွေ ပါဝင်တဲ့ Vivo X30 နဲ့ Vivo X30 Pro စမတ်ဖုန်းသစ်တွေကို ထုတ်ဖော်ပြသသွားပြီ ဖြစ်ပါတယ်။


ဈေးနှုန်းသင့်တင့်တဲ့ flagship ဖုန်းတွေအဖြစ် တရုတ်ဈေးကွက်မှာ မိတ်ဆက်လာတဲ့ Vivo X30 series တွေဟာ punch hole ကင်မရာပေါက်နဲ့ လာပြီး 5G support ပေးထားတဲ့ ဖုန်းတွေပါ။ကင်မရာဟာ ဒီဖုန်းတွေရဲ့ အဓိကအသားပေး primary features တွေထဲက တစ်ခု ဖြစ်ပြီး Vivo X30 Pro ကတော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ quad-camera စနစ်နဲ့ ထွက်လာတာပါ။

Photo: GSMArena


Vivo X30 နဲ့ X30 Pro အကြား ခြားနားချက်က Pro မော်ဒယ်မှာ 5x ဆွဲရိုက်နိုင်မယ့် 13MP periscope ကင်မရာ သုံးသွားတာပါ။ ဒီပယ်ရီစကုပ်ကင်မရာဟာ 5x hybrid နဲ့ 60x digital zoom ဆွဲရိုက်နိုင်မယ့် ကင်မရာ ဖြစ်ပြီး လကို ဓါတ်ပုံဆွဲနိုင်မယ့် သီးခြား ကင်မရာ mode တစ်မျိုးပါ ထည့်ပေးထားပါတယ်။

ကျန်တဲ့ ကင်မရာ specs တွေကတော့ Vivo X30 နဲ့ Vivo X30 Pro ဟာ အတူတူပါပဲ။ ကျောဘက်မှာ 64MP primary ကင်မရာနဲ့အတူ portrait နဲ့ depth sensing ပုံဖမ်းယူမှုမှာ 50mm focal length ဆွဲရိုက်နိုင်မယ့် 32MP ကင်မရာ နဲ့ ၁၁၂ ဒီဂရီ မြင်ကွင်းကျယ်ရိုက်နိုင်မယ့် 8MP wide-angle sensor ဆိုပြီး ထောင်လိုက်ကင်မရာတွေ တပ်ဆင်ထားပါတယ်။ focus ဖမ်းရာမှာ ပိုပြီး မြန်ဆန် တိကျစေဖို့အတွက် Laser Auto-Focus တစ်ခုလည်း ပါမှာပါ။

ရိုးရိုး Vivo X30 မှာ သုံးတဲ့ 50mm portrait ကင်မရာဟာ zoom ကင်မရာပဲ ဖြစ်တာကြောင့် 2x optical နဲ့ 20x digital zoom ဆွဲနိုင်ပါတယ်။ ကင်မရာ feature အနေနဲ့ ထူးခြားတာက Sony ရဲ့ eye-tracking လို့ခေါ်တဲ့ ကိုယ်ရိုက်မယ့် subject ကို အလိုအလျောက် focus lock လုပ်ထားတာနဲ့ ဒီပုံရိပ်ရွေ့တဲ့နောက်ကို လိုက်ပြီး ဖမ်းယူနိုင်တဲ့ နည်းပညာ ပါလာပါတယ်။

နောက်ထပ် ကင်မရာစနစ်တွေအနေနဲ့ တွေ့ရမှာကတော့ အမှောင်မှာ noise မထအောင် ဓါတ်ပုံ ၁၂ ပုံကနေ ၁၆ ပုံအတွင်း စီစဉ်ပေးနိုင်မယ့် Super Night Mode 2.0 ၊ နေရောင်နဲ့ ညဘက် အလင်းစူးစူးအောက် ရိုက်ချိန်မှာ အကောင်းဆုံးပုံ ထွက်စေဖို့ Hyper HDR စနစ်များ ထည့်ပေးထားပါတယ်။ ရှေ့ဘက် punch hole ကင်မရာပေါက်ထဲမှာ 32MP selfie ကင်မရာ ရှိပါတယ်။

Vivo X30 ဖုန်းတွေဟာ မျက်နှာပြင် ၆.၄၄ လက်မ Super AMOLED XDR display နဲ့ လာပြီး brightness ဟာ 800nits အထိ ရှိမယ်လို့ ဆိုပါတယ်။ နောက်ထပ် ထူးခြားတာက Samsung ရဲ့ 5G modem ပါ Exynos 980 SoC ကို ပထမဆုံး သုံးလာတာပါ။ Mali-G76 MP5 GPU နဲ့ ဒီ CPU ကို အပူလွန်ကဲမှုကို ထိန်းဖို့ heat pipe တစ်ခုလည်း ထည့်ပေးထားပါတယ်။


Photo: xda-developers

သုံးထားတဲ့ 5G Modem ဟာ 4G နဲ့ 5G ကွန်ရက်နှစ်ခုပေါင်း မြန်နှုန်း 3.55Gbps အထိ ရှိမယ်လို့ ဆိုပါတယ်။ ဒီဖုန်းတွေဟာ Multi-Turbo 2.5 feature ပါပြီး WiFi ကွန်ရက်က ဒေါင်းလုပ်ဆွဲဖို့ နှေးကွေးနေချိန်မှာ 4G နဲ့ 5G ကွန်ရက်တွေကို ပြောင်းချိတ်ပေးနိုင်ပါတယ်။ ဘက်ထရီဟာ 4350 mAh ဖြစ်ပြီး 33W Flash Charge အားသွင်းစနစ် ထည့်ပေးထားပါတယ်။

Vivo X30 Pro ဟာ RAM 8GB/128GB storage ကို ယွမ် ၄၀၀၀ ( မြန်မာငွေ ၈ သိန်းခွဲကျော်) နဲ့ 256GB storage ဗားရှင်းကို ယွမ် ၄၃၀၀ ( မြန်မာငွေ ၉ သိန်း ၂ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ရိုးရိုးမော်ဒယ် Vivo X30 ဟာ RAM 8GB/128GB storage ဗားရှင်း တစ်မျိုးတည်းနဲ့ ထွက်ထားပြီး ယွမ် ၃၃၀၀ ( မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က