စမတ်ဖုန်းဈေးကွက်မှာ နံပါတ်စဉ်အမြင့်နေရာက မရှိတော့ပေမယ့် စမတ်ဖုန်းနည်းပညာပိုင်းမှာတော့ Huawei ဟာ ဆရာကျနေတုန်းပါပဲ။
ဒီတစ်ခေါက် Huawei Mate စီးရီး ထိပ်တန်းထုတ်ကုန်သစ်တွေ ကြေညာသွားတဲ့ ပွဲမှာ Huawei ဟာ အကျဉ်းအကျပ်ကြားက ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာကြောင်းကို ဖော်ပြသွားပါတယ်။ အမေရိကန်ဆန်ရှင်တွေကြောင့် ပြီးခဲ့တဲ့နှစ်က Mate စီးရီးတွေ မိတ်မဆက်နိုင်ခဲ့တဲ့ တရုတ်စမတ်ဖုန်းနည်းပညာကုမ္ပဏီ Huawei ဟာ ဒီနှစ်ထဲမှာ Huawei Mate 50 စီးရီးနဲ့အတူ Flagship ဖုန်းလောကအတွက် ထုတ်ကုန်သစ်ကို ချပြသွားခဲ့တာပါ။
စက်တင်ဘာ ၆ ရက်နေ့ ပွဲမှာ Huawei က Mate 50 ၊ Mate 50 Pro နဲ့ Mate 50 RS Porsche Design ဆိုပြီး ဖုန်းသစ် ၃ မျိုး မိတ်ဆက်သွားပါတယ်။ အများမျှော်လင့်ထားတဲ့အတိုင်း ဒီဖုန်း ၄ မျိုးစလုံးက Snapdragon 8 Plus Gen 1 SoC နဲ့ လာပေမယ့် 4G ဗားရှင်းပဲ ရမှာပါ။ High-End ထုတ်ကုန်တွေ ဖြစ်တဲ့အတိုင်း IP68 Rating ရေစိုခံမှု ၊ 66W Wired Charging စနစ် ၊ 50W Wireless Charging စွမ်းဆောင်ရည်နဲ့ Huawei ရဲ့ ကိုယ်ပိုင် Operating System သစ်ဖြစ်တဲ့ Harmony OS 3 နဲ့ ထွက်လာပါတယ်။
ဒီဖုန်းတွေဟာ Mate 30 စီးရီးစတိုင် Notch Display နဲ့လာပြီး ကင်မရာပိုင်းမှာ အကောင်းဆုံးတန်းဝင် စမတ်ဖုန်းကင်မရာစနစ်တွေ သုံးသွားပါတယ်။ Huawei Mate 50 မှာ 13MP Ultrawide Lens ၊ 12MP Periscope Zoom 100x Digital Zoom စနစ်နဲ့ RYYB Color System ပါ 50MP Main Camera စနစ်တို့ သုံးထားပါတယ်။ Portraits ရိုက်ချက်တွေ ပိုကောင်းဖို့အတွက်လည်း Laser Focus တစ်ခု ပါရှိပါတယ်။ Huawei Mate 50 Pro နဲ့ RS Limited Edition တွေမှာလည်း ဒီအတွဲအစပ်ကိုပဲ သုံးထားပေမယ့် အပြောင်းအလဲတွေ လုပ်ပေးထားပါတယ်။
Pro မော်ဒယ်ဟာ အပါချာကို အကြီးစား f/1.4 ကနေ အသေးဆုံး f/4.0 ကို ပြောင်းနိုင်တဲ့ six-blade variable aperture တစ်ခုနဲ့ လာပါတယ်။ variable aperture နည်းပညာက ဓါတ်ပုံတွေ ပိုပြီး အလင်းနဲ့ တောက်ပမှုမြင့်မြင့်နဲ့ ပိုဖမ်းယူနိုင်စွမ်း ရှိလာမှာပါ။ Main Camera မှာ OIS စနစ် ပါလို့ ဓါတ်ပုံ/ဗွီဒီယိုတွေကို ရုပ်ထွက်အတည်ငြိမ်ဆုံးအချိန်မှာ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ Ultrawide ကိုတော့ 13MP Sensor ကိုပဲ သုံးပြီး Pro တွေမှာ OIS ပါဝင်တဲ့ 3.5x Telephoto Lens စနစ်သုံး 64MP f/3.5 စနစ် ထည့်သွင်းထားပါတယ်။ Telephoto Lens မှာလည်း RYYB Sensor တစ်ခု သုံးထားပါတယ်။
Huawei Mate 50 RS Porsche Design မှာတော့ 64MP Telephoto Lens အစား Macro ဖမ်းနိုင်စွမ်းပါ ပါဝင်လာတဲ့ 48MP Periscope Telephoto ကင်မရာ သုံးလာပါတယ်။ ရှေ့ဘက် Notch ထဲမှာတော့ 12MP Ultrawide Camera နဲ့ အဆင့်မြင့်မျက်နှာပြင် လော့ခ်ဖတ်မှုအတွက် သုံးနိုင်မယ့် 3D ToF Sensor တစ်ခုတို့လည်း ပါဝင်လာပါတယ်။ ဘက်ထရီပါဝါပိုင်းမှာ Mate 50 Pro ဟာ 4700mAh ဘက်ထရီနဲ့လာပြီး 66W Wired နဲ့ 50W Wireless Charging စနစ်တို့ ပံ့ပိုးထားပါတယ်။ အရေးပေါ်အခြေအနေ ဘက်ထရီအားခံတဲ့ Emergency Battery Saving Mode သစ်ကြောင့် ဖုန်းအား ၁% ပဲ ကျန်ခဲ့ရင်တောင် ၃ နာရီကြာ ဖုန်းပြောနိုင်မယ်လို့လည်း ဆိုပါတယ်။
Screen Size အနေနဲ့ Mate 50 Pro ဟာ ဘယ်ညာဘောင်ခုံး ၆.၇၄ လက်မ 120Hz OLED display ၊ 1212 x 2616px ရုပ်ထွက်ပါ 10-bit Color စနစ်နဲ့လာပါတယ်။ ရိုးရိုးမော်ဒယ် Mate 50 ကတော့ ၆.၇ လက်မ 90Hz OLED Display နဲ့လာပြီး ရုပ်ထွက်ရော color depth ပါ Pro မော်ဒယ်နဲ့ အတူတူပါပဲ။ ဘက်ထရီပါဝါကိုလည်း 4460mAh ပဲ သုံးထားပြီး အားသွင်းနည်းပညာပိုင်းမှာတော့ Pro မော်ဒယ်အတိုင်းပဲ 60W Wired နဲ့ 50W Wireless Charging စနစ်တို့ ပါဝင်ပါတယ်။ အရောင်အနေနဲ့ Mate 50 စီးရီးကို အပြာ ၊ လိမ္မော် ၊ ငွေ ၊ အနက် နဲ့ ခရမ်း၅ ရောင်နဲ့ ရပြီး အနက်နဲ့ခရမ်းကာလာတွေကို လယ်သာနဲ့ မှန်ကာဗာဗားရှင်းနဲ့ ရနိုင်မှာပါ။ Huawei Mate 50 RS ဗားရှင်းကိုတော့ အပြာနဲ့ ခရမ်းနှစ်ရောင်ပဲ ထွက်ထားပြီး ကြွေ Ceramic ကာဗာ အသုံးပြုထားပါတယ်။
အပေါ်က Features တွေအပြင် Huawei Mate 50 ရဲ့ ထူးထူးခြားခြား Features တစ်ခုက ဂြိုလ်တုဆက်သွယ်ရေးစနစ် Satellite Connectivity ပါလာတာပဲ ဖြစ်ပါတယ်။ Huawei ဟာ Mate 50 စီးရီးရဲ့ ဂြိုလ်တုဆက်သွယ်ရေးပိုင်းအတွက် Beidou Satellite Message 3 Protocol ကို သုံးထားပါတယ်။ ဆယ်လူလာကွန်ရက်တွေ လိုင်းမမိတဲ့နေရာမျိုးမှာ အရေးပေါ် အကူအညီတောင်းခံဖို့ ဂြိုလ်တုကနေ ကိုယ့်တည်နေရာ နဲ့ မက်ဆေ့ချ်ပေးပို့တာတွေ လုပ်နိုင်မယ့်နည်းပညာပါ။ iPhone 14 သစ်မှာလည်း ဒီလိုမျိုး ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ပါလာမယ်လို့ ကောလာဟလတွေ ထွက်နေလို့ စက်တင်ဘာ Apple မိတ်ဆက်ပွဲမှာ စောင့်ကြည့်ရဦးမှာပါ။
ဈေးနှုန်းအနေနဲ့ ရိုးရိုးမော်ဒယ် 128GB ဗားရှင်းဆို ယွမ် ၅၀၀၀ (မြန်မာငွေ ၂၄ သိန်းကျော်) ဈေးကျသင့်ပြီး Huawei Mate 50 Pro 256GB ဗားရှင်းကို ယွမ် ၆၈၀၀ (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) နဲ့ ရောင်းချသွားမှာပါ။ Mate RS Porsche Design ကို ယွမ် ၁၃၀၀၀ (မြန်မာငွေ သိန်း ၆၀ ကျော်) ဈေး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
Share