ဈေး မပြောသေးပါဘူး

အနောက်နိုင်ငံသား ဝယ်လက်တစ်ယောက်ယောက်ကို ကုမ္ပဏီရဲ့ 5G ပိုင်ဆိုင်မှုတွေ ရောင်းချဖို့အသင့်ရှိတယ်လို့Huawei တည်ထောင်သူနဲ့CEO ဖြစ်သူ ရန်ဇီဖိန်းက ဆိုပါတယ်။

The Economist နဲ့ ၂ နာရီကြာ တွေ့ဆုံခန်းမှာ ကုမ္ပဏီတည်ထောင်သူ ရန်ဇီဖိန်းမှ Huawei ဟာ လက်ရှိ ကုမ္ပဏီရဲ့ 5G မူပိုင်ခွင့်များ ၊ လိုင်စင်များ ၊ code များ ၊ နည်းပညာဒီဇိုင်းချမှုနဲ့ထုတ်လုပ်မှုတွေကိုပါ ရောင်းချဖို့ဆန္ဒရှိနေတယ်လို့ပြောခဲ့တာ ဖြစ်ပါတယ်။

Huawei ရဲ့ 5G ပိုင်ဆိုင်ခွင့်တွေ ဝယ်သူသူအနေနဲ့source code တွေကို ပြင်ခွင့်ရမှာ ဖြစ်လို့ကုမ္ပဏီသစ်အနေနဲ့ထုတ်လုပ်သွားမယ့် 5G ထုတ်ကုန်သစ်တွေနဲ့တယ်လီကွန်းအစိတ်အပိုင်းတွေအပေါ် Huawei ရော တရုတ်အစိုးရပါ ထိန်းချုပ်စွက်ဖက်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Photo: Financial Times

Huawei ရဲ့ 5G စီးပွားရေးပိုင်းကို ဝယ်မယ့် ဝယ်လက်ကို အာရှအပြင်ဘက် အနောက်နိုင်ငံတစ်ခုခုက ဖြစ်ဖို့လည်း မျှော်လင့်ထားတာပါ။ အခုထိတော့ ကုမ္ပဏီဘက်မှ ပစ်မှတ်ထားတဲ့ ဝယ်လက် မရှိသေးဘဲ ရှိပြီးသား နည်းပညာကုမ္ပဏီတစ်ခုခု ဒါမှမဟုတ် ကုမ္ပဏီအသစ်တစ်ခုခု ဖြစ်နိုင်ခြေရှိနေပါတယ်။

5G လုပ်ငန်းအတွက် Huawei ဘက်က ဈေးဖွင့်ထားတာမျိုး မရှိသေးပေမယ့် Huawei ရဲ့ 5G နည်းပညာကြီး တစ်ခုလုံးဟာ ဒေါ်လာဘီလျံဆယ်ဂဏန်းပေါင်းများစွာ တန်ကြေး ရှိနိုင်ပါတယ်။ ။ အင်တာဗျူးမှာ ပြောကြားချက်အရ ရန်ဇီဖိန်းအနေနဲ့Huawei နဲ့5G ပိုင်းမှာ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကုမ္ပဏီတစ်ခု ဖန်တီးဖို့လည်း ရှိနေပါတယ်။ Huawei ရဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ 5G စာချုပ်တွေကတော့ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး 5G ပစ္စည်းအစိတ်အပိုင်းတွေကိုလည်း ဆက်လက် ရောင်းချသွားဦးမှာပါ။


"အကျိုးအမြတ်ခွဲဝေမှုမျှတဟန်ချက်ညီခြင်းဟာ Huawei ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် အထောက်အကူဖြစ်ပါတယ်။" လို့ရန်က The Economist ကို ပြောခဲ့ပါတယ်။ 5G စီးပွားရေးကို Huawei ရောင်းဖို့စဉ်းစားခြင်းဟာ တရုတ်-အမေရိကန် ကုန်သွယ်စစ်ရဲ့ သက်ရောက်မှုအပြင် ထရန့်အစိုးရရဲ့ Huawei အပေါ် အမေရိကန်ကုမ္ပဏီများ နည်းပညာထုတ်ကုန်ရောင်းချခွင့် ကန်သတ်မှုလည်း ပါဝင်ဖို့ရှိပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကြောင့် မကြာခင် ထွက်လာမယ့် Huawei Mate 30 ဖုန်းသစ်တွေမှာ Google ဝန်ဆောင်မှုနဲ့apps တွေကို တရားဝင် ထည့်သွင်းခွင့် ရတော့မှာ မဟုတ်ပါဘူး။ 5G ပစ္စည်း ရောင်းချမှုပိုင်းမှာလည်း ထရမ့်အစိုးရအဖွဲ့ဟာ Huawei ပစ္စည်းအစိတ်အပိုင်းတွေကို မဝယ်ဖို့အမေရိကန်ရဲ့ မိတ်ဘက်နိုင်ငံတွေကို ဖိအားပေး တားမြစ်ထားပါတယ်။

Photo: SCMP

ဒီလဆန်းပိုင်းမှာပဲ အမေရိကန် ဒုသမ္မတ မိုက်ကယ်ပန့်စ်ဟာ ပိုလန်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီး 5G ထုတ်ကုန်ပစ္စည်း လုံခြုံမှုဆိုင်ရာ စာချုပ်တစ်စောင် ရေးထိုးခဲ့သလို အိုင်ယာလန် နိုင်ငံ့ခေါင်းဆောင်တွေနဲ့တွေ့ချိန်မှာလည်း Huawei ပစ္စည်း သုံးစွဲမှုပေါ် ထပ်တလဲလဲ သတိပေး ပြောဆိုခဲ့ပါတယ်။

Huawei ဟာ တယ်လီကွန်းပစ္စည်းအစိတ်အပိုင်း ရောင်းချမှု ကဏ္ဍမှာ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးရဲ့ ၂၈.၁% ထားပြီး 5G စာချုပ်ပေါင်း ၅၀ အထိချုပ်ဆိုထားပါတယ်။ အမျိုးသား လုံခြုံရေး စိုးရိမ်ချက်တွေ အကြောင်းပြပြီး အမေရိကန်အစိုးရဘက်မှ ပိတ်ပင်တားမြစ်ဖို့ကြိုးပမ်းနေပေမယ့် Huawei ကတော့ ဒီအချက်ကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Share

Loading Next Article...
က္က