Samsung ရဲ့ 6G စာတမ်းသစ်ကို 6G Spectrum: Expanding The Frontier လို့ နာမည်ပေးထားပါတယ်။

တစ်ကမ္ဘာလုံး 5G ကွန်ရက် မလွှမ်းခြုံနိုင်သေးပေမယ့် Samsung ကတော့ ဒီထက်ပို မြန်ဆန်တဲ့ ကွန်ရက်နည်းပညာသစ်ကို ခြေလှမ်းပြင်နေပြီ ဖြစ်ပါတယ်။ 

Samsung Electronics ဟာ နောက်မျိုးဆက် ကွန်ရက်ဆက်သွယ်ရေးစံ ဖြစ်လာမယ့် 6G အတွက် စီမံကိန်းတွေ ချပြလာပြီ ဖြစ်ပါတယ်။ Samsung ရဲ့ 6G စာတမ်းသစ်ကို 6G Spectrum: Expanding The Frontier လို့ နာမည်ပေးထားပါတယ်။ 





Samsung အမှုဆောင်ဒုဥက္ကဌ နဲ့ အဆင့်မြင့်ဆက်သွယ်ရေးသုတေသန စင်တာ အကြီးအကဲ ဖြစ်သူ Sunghyun Choi က "6G ဆက်သွယ်ရေးနည်းပညာကို နားလည်ဖို့ ၊ ဖွံ့ဖြိုးအောင်လုပ်ဖို့နဲ့ စံသတ်မှတ်ဖို့ ကျွန်တော်တို့ ဟိုးအရင်ကတည်းက စတင်လာခဲ့တာပါ။ လူ့ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ ပိုပြီး သာလွန်တဲ့ ချိတ်ဆက်မှုအတွေ့အကြုံပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွေကို မျှဝေသွားမှာ ဖြစ်သလို ဒီအပေါ်မှာလည်း ဦးဆောင်လေ့လာမှုလုပ်သွားဖို့ ကတိပြုထားပါတယ်။"လို့ ဆိုပါတယ်။

တစ်နည်းအားဖြင့် Samsung ဟာ နောက်မျိုးဆက် ကွန်ရက်နည်းပညာကို ဈေးကွက်ထဲ ယူဆောင်ဖို့ စတင် လုပ်ဆောင်နေပြီ ဆိုတာပါပဲ။ 6G ကွန်ရက်ဟာ MHz ရာပေါင်းများစွာကနေ GHz ဆယ်ချီ ရှိတဲ့ Ultra-Wideband Bandwidth လှိုင်းနှုန်းစဉ် လိုအပ်ပါတယ်။ တိကျမှုမြင့်မားတဲ့ မိုဘိုင်း Hologram ၊ ပိုပြီး ရှင်းလင်းပြတ်သားတဲ့ သုံးဖက်မြင် Extended Realty (XR) တို့ အထောက်အပံ့ပေးနိုင်ပါတယ်။ 

Samsung အနေနဲ့ နောက်မျိုးဆက် ဆက်သွယ်ရေးစံ လွှမ်းခြုံမှုကို ပိုကောင်းအောင်ပါ အာရုံစိုက်နေပါတယ်။ 6G ဟာ 1GHz အောက် Low Band ကနေ 1-24GHz Mid Band နဲ့ 24-300GHz Range High Bands တွေအထိ ရဖို့ ရှိပါတယ်။ 6G ကွန်ရက်မြန်နှုန်းဟာ တစ်စက္ကန့် 1Terabits အထိ ရှိနိုင်လို့ 5G ကွန်ရက်ပေါ်က 20Gbps ထက်တောင် အဆပေါင်း ၅၀ ကျော် ပိုမြန်မယ်လို့ Samsung က ယူဆထားပါတယ်။ 



ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ Samsung ဟာ 6Gbps ဒေတာနှုန်းကို ၁၅ မီတာအကွာ အခန်းတွင်းကနေ သရုပ်ပြမှု လုပ်ခဲ့ပါတယ်။ Indoors မီတာ ၃၀ မှာ ကွန်ရက်ဟာ ဒေတာမြန်နှုန်း 12Gbps အထိ ရှိနိုင်ပါတယ်။ ၁၂၀ မီတာ အကွာအဝေးမှာဆို ဒေတာမြန်နှုန်းဟာ 2.3Gbps အထိ ရှိလာမယ်လို့ ဆိုပါတယ်။ Samsung အနေနဲ့ နောက်ပိုင်းမှာ 6G Research ဆိုင်ရာ သုတေသနတွေ့ရှိချက်သစ်တွေ ထပ်ပြီး ထုတ်ဖော်သွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က