အောက်တိုဘာလထဲမှာ မိတ်ဆက်သွားမှာပါ

Xiaomi ကတော့ 5G ကို ဖုန်းတွေမှာ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီလို့ကြေငြာထားပါတယ်။



[No available link text] 

Xiaomi ရဲ့ 5G ကြေငြာချက်အောက်မှာ ပြထားတဲ့ ပုံကတော့ မကြာခင် ထွက်ရှိလာမယ့် Mi Mix 3 လို့လည်း သတင်းထွက်နေပါတယ်။ လက်နဲ့ဆွဲထုတ်နိုင်မယ့် manual slider ကင်မရာစနစ်နဲ့လာမယ့် ဒီဖုန်းအကြောင်းကို ကုမ္ပဏီရဲ့ ပူးတွဲ တည်ထောင်သူ လင်းဘင်က လူမှုကွန်ရက်မှာ 5G NR ရတဲ့ ဖုန်းအဖြစ် ပို့စ်တင်ခဲ့ပါတယ်။

5G NR (New Radio) စံနှုန်းနဲ့စမ်းသပ်ထားတဲ့ ဖုန်းဖြစ်တဲ့ ဒီဖုန်းဟာ 5G နည်းပညာရဲ့ ထုံးစံအတိုင်း download speed မှာ 4G ကွန်ရက်တွေထက် ၁၀ ဆ ပိုမြန်မယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် သာမန် 4G ကွန်ရက်ရဲ့ download speed ဟာ ပျမ်းမျှ 56Mbps ရှိရာကနေ 5G ဖုန်းနဲ့ဒေါင်းလုပ်ဆွဲမယ်ဆိုရင် အနည်းဆုံး 490Mbps နှုန်းနဲ့ဒေါင်းလုပ်ဆွဲနိုင်မှာလည်း ဖြစ်ပါတယ်။

 

မကြာသေးခင်က Qualcomm ဟာ 5G စံအသစ်တွေကို ပံ့ပိုးပေးနိုင်တဲ့ modems နှစ်မျိုး မိတ်ဆက်ထားပါတယ်။ ဒီ modems တွေဟာ 2Gbps ကနေ 5Gbps နှုန်းအထိ မြန်နှုန်းရှိမှာပါ။ Xiaomi ထုတ်ကုန် စီမံဌာနညွှန်ကြားရေးမှူးရဲ့ ကြေငြာချက်မှာတော့ 5G ဒေတာဆက်သွယ်မှုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်လို့နောက်နှစ်မှာ တရားဝင် 5G ဖုန်းမိတ်ဆက်ဖို့တောင် မစောင့်နိုင်ဘူးလို့ဆိုပါတယ်။

အောက်တိုဘာလထဲ ဈေးကွက်မှာ မိတ်ဆက်သွားမယ့် Xiaomi Mi Mix 3 ကတော့ နမူနာ hands-on ကိုင်ပြတဲ့ ဗွီဒီယိုတွေ ထွက်နေပြီ ဖြစ်လို့ဒီဇိုင်းပိုင်းမှာတော့ Find X အတိုင်း notch ဖျောက်တဲ့ ဖုန်းအဖြစ် မြင်ရမှာ သေချာနေပါတယ်။

Photo: Phone Arena

 

ဘောင်ပျောက် bezel-less ဖုန်းအဖြစ် မြင်ရဖို့ရှိတဲ့ Xiaomi Mi Mix 3 ဟာ ဒီဇိုင်းပိုင်းမှာ OPPO Find X စတိုင် slider ကင်မရာစနစ်နဲ့လာဖို့ရှိပါတယ်။ Find X ဟာ မော်တာနဲ့အလိုလို slider ထွက်ပေးမယ့် ကင်မရာစနစ်ကို သုံးထားပေမယ့် Mi Mix 3 မှာတော့ လက်နဲ့ဆွဲထုတ်ရမယ့် ကင်မရာစနစ် သုံးမယ်လို့သတင်းထွက်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က