သြဂုတ်လ ၃၀ ရက်နေ့မိတ်ဆက်သွားမှာပါ

ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပနေကျ ဒီနှစ် IFA ပွဲမှာ ZTE ဟာ ကုမ္ပဏီရဲ့ ပထမဆုံး notch ပါတဲ့ ဖုန်းသစ်ကို မိတ်ဆက်သွားတော့မှာပါ။



ZTE-IFA-2018-teaser-android-pit.jpg

Photo: BGR

 

တရားဝင်ဖိတ်စာပို့ထားတဲ့ အထဲမှာတော့ ZTE Axon 9 ရဲ့ ပုံပါ ဖော်ပြထားပါတယ်။ Axon 9 မော်ဒယ်သစ်ရဲ့ အကြီးဆုံး အပြောင်းအလဲ ကတော့ notch screen ကို ပထမဆုံး သုံးလာတာပါပဲ။ notch မသုံးရင် ခေတ်မမှီတော့လောက်အောင် ဖြစ်နေတဲ့ စမတ်ဖုန်းရေစီးကြောင်း အတွက်တော့ ဒါဟာ အထူးအဆန်းတစ်ခု မဟုတ်ပါဘူး။

iPhone X ဒီဇိုင်းကနေ ဦးဆောင်လာတဲ့ notch ခေတ်မှာ ZTE ဟာလည်း  Axon 9 ကို iPhone X နဲ့တစ်ပုံစံတည်း ထုတ်လိုက်တာပါ။ ကျောဘက် ကင်မရာဖွဲ့စည်းမှုကလည်း iPhone X အတိုင်း ထောင်လိုက် ညာဘေးကပ် dual rear cameras နဲ့လာပြီး fingerprint scanner ကတော့ ကျောအလယ်မှာ ရှိနေပါတယ်။ Axon M လို ကမ္ဘာ့ပထမဆုံး ခေါက်ဖုန်းကို ထုတ်ခဲ့တဲ့ ZTE အတွက် နည်းပညာဆန်းသစ်ချက်ကတော့ 5G ပါပဲ။

Axon 9 ဖိတ်စာအပေါ်နားမှာ ZTE ဟာ 5G ဆိုတဲ့ စာသားထည့်ပေးထားတာကို ကြည့်ပြီး ဒီဖုန်းဟာ 5G လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတဲ့ ဖုန်းဖြစ်မယ်လို့ခန့်မှန်းနေကြပါတယ်။ မှန်ကိုယ်ထည်နဲ့လာမှာ ဖြစ်လို့wireless charging စနစ် သုံးနိုင်မယ်လို့လည်း သတင်းများက ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ဒီဖုန်းနဲ့ပတ်သတ်ပြီး သတင်းအချက်အလက်က ပြည့်စုံမှု မရှိသေးပါဘူး။

high-end ဖုန်းအဖြစ် မိတ်ဆက်သွားမယ့် Axon 9 ဟာ QHD+ AMOLED display နဲ့လာပြီး Snapdragon 845 chipset သုံးသွားဖို့ရှိပါတယ်။ ၂၀၁၅ ခုနှစ်က ZTE ဟာ Axon brand ကို မိတ်ဆက်စဉ်က ZTE Axon နဲ့Axon Pro မော်ဒယ်နှစ်ခုကို ပွဲထုတ်ခဲ့တာ ဖြစ်လို့ဒီနှစ်မှာလည်း Axon 9 Pro မော်ဒယ်ဆိုပြီး ဗားရှင်းအမြင့်တစ်ခု ထွက်လာဖို့ရှိပါတယ်။

Photo: AndroidPIT

 

ZTE ရဲ့ နောက်ဆုံး Axon စီးရီးကတော့ ကမ္ဘာ့ပထမဆုံး ခေါက်သိမ်းနိုင်မော်ဒယ်ဖြစ်တဲ့ Axon M ဖြစ်ပြီး IFA 2018 မှာ ပြသသွားမယ့် မော်ဒယ်ကတော့ ၂၀၁၆ ထွက် Axon 7 ရဲ့ အဆက် ဖြစ်တယ်လို့ဆိုပါတယ်။ IFA 2018 ပွဲကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး Axon 9 ကိုတော့ သြဂုတ်လ ၃၀ ရက်နေ့မှာ ကြေငြာသွားမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က